𝐂𝐡𝐚𝐩𝐭𝐞𝐫 -10 ☕

1.3K 196 8
                                    

Zawgyi

ကျောင်းဝန်းထဲ ဝင်​ဝင်​လိုက်​ချင်း ​ဆော့ဂျင်​ ဟိုဟိုသည်​သည်​ မျက်​လုံးတစ်​ချက်​​ ဝေ့ကြည့်​လိုက်​တယ်​ ။
ကျောင်းအဝင်​ဝနားက သစ်​ပင်​မှာကွယ်​ပြီး မ​ယောင်​မလည်​လုပ်​​နေတဲ့ တစ်စုံတစ်​​ယောက်​ကို​တွေ့မှ ​ဆော့ဂျင်​ ကျိတ်​ပြုံးလိုက်​တယ်​ ။ ဒီ​ကောင်​​လေး ဒီ​နေ့နဲ့ဆို နှစ်​ပတ်​ရှိပြီ ။ အဲ့တစ်​​ယောက်​ကို မမြင်​ချင်​​ယောင်​​ဆောင်​ပြီး အ​တန်းဘက်​ဆီ ဆော့ဂျင် ​ခြေဦးလှည့်​လိုက်​တယ်​ ။ အနောက်​က​နေ ​ယောင်​လည်​လည်​နဲ့ လိုက်​လာဦးမယ်​မှန်း သိတာမို့ ​ဆော့ဂျင်​ ရယ်​လိုက်မိတယ်​ ။ လိုက်​လာပြီးရင်​လည်း ထုံးစံအတိုင်း ​ဆော့ဂျင်​အတန်းထဲ ဝင်​သွားတာ ကြည့်ပြီးမှ ပြန်​သွားလိမ့်​ဦးမယ်​ ။ အဲ့​နေ့က အဲ့ဒီ့စာဂျပိုးဂျူနီယာ​လေးကို ကူညီ​ပေးပြီးကတည်းက ​ဆော့ဂျင်​ ကိုယ်​ပိုင်​ Stalker ရသွား​တော့တာ ။ ဒီအတိုင်း ​ဆော့ဂျင်​ရှိတဲ့​ နေရာတိုင်းမှာ ရှိ​နေတာကလွဲလို့ တခြား စိတ်​အ​နှောက်​အယှက်​​ပေးတာမျိုးလည်း မရှိတာမို့ ဒီအတိုင်း မသိချင်​​ယောင်​​ဆောင်​​ပေးထားတာပင်​ ။ တကယ်​လည်း ထူးထူးခြားခြား စိတ်​အ​နှောက်​အယှက်​ မဖြစ်​မိ ။ သူ့ရဲ့ခိုး​ကြောင်​ခိုးဝှက်​နဲ့ အူ​ကြောင်​​ကြောင်​​ပုံစံ​လေးကပဲ တစ်​မျိုးရယ်​စရာ​ကောင်း​နေတာမို့ အပျင်း​တောင်​​ ပြေ​သေး ။ သူ့ကိုမ​တွေ့ရင်​​တောင် တစ်​ခုခုလို​နေသလို ခံစားမိတဲ့အထိ ။

တစ်​ခါတစ်​​လေ မျက်​နှာချင်းဆိုင်​တည့်​တည့်​တိုးလို့ ​ဆော့ဂျင်​က စပြီး ပြုံးပြမိတဲ့အခါ ပြာယာခတ်​ပြီး ထွက်​ထွက်​​ပြေးတာကတစ်​မျိုး ၊ ​ဆော့ဂျင်​​ရှေ့​ရောက်​ရင်​ အမြဲ သတိအ​နေအထားနဲ့ ​ခေါင်းကို ငုံ့ငုံ့ပစ်​တာက တဖုံ ။ တစ်​​နေ့တစ်​မျိုး ရိုးကိုမရိုးရ ။ သူက ဘာဖြစ်​ချင်​​နေတာလဲ ? လို့ အကြိမ်​ကြိမ်​​ တွေးဖူး​ပေမယ့်​ ပ​ဟေဠိဖြစ်​​နေဆဲပင်​ ။

တစ်​​နေ့မှာ​တော့ ​ဆော့ဂျင်​ရဲ့စာသင်​ခုံပေါ် လတ်​လတ်​ဆတ်​ဆတ်​ စ​တော်​ဘယ်​ရီတစ်​ဘူး​ ရောက်​​နေတာ​ တွေ့လိုက်​ရတယ်​ ။ ​ရုတ်​တရက်​မို့ အံ့သြသွား​ပေမယ့်​ ချက်​ချင်း ဆော့ဂျင်​ စဉ်းစားမိတာက အဲ့ဒီ့ အူ​ကြောင်​​ကြောင်​ ဂျူနီယာ​လေးပဲ ။ သူပဲ​နေမှာ ဆိုတဲ့အ​တွေးနဲ့ ​ဆော့ဂျင်​ ပြုံး​လိုက်​မိတယ်​ ။ ပြုံးလို့မပြီး​သေး ပြတင်း​ပေါက်​က​နေ လှစ်​ခနဲ​ ပြေးထွက်​သွားပုံရတဲ့ အရိပ်​​လေး ။ ​ဆော့ဂျင်​ အမြန်​​ပြေးကြည့်​​လိုက်တော့ ထင်​တဲ့အတိုင်း ဆံပင်​ဘုတ်​သိုက်​နဲ့​ ကောင်​​လေးရဲ့​လွယ်​အိတ်​​လေး​​ကို မြင်​လိုက်​ရတယ်​ ။ ​ပြေး​နေတာမို့ ​ကောင်​​လေးရဲ့​ကျောပိုးအိတ်​​လေးက ခုန်​​နေခဲ့သလို ​ဆော့ဂျင်​ရဲ့နှလုံးသား​လေးဟာလည်း မသိမသာ ခုန်​​နေခဲ့တယ်​ ။ ​ဆော့ဂျင်​ကိုယ်​တိုင်​​တော့ သတိမထားမိခဲ့​ပေမယ့်​ ...။

𝐇𝐲𝐮𝐧𝐠 ! 𝐋𝐞𝐭 𝐌𝐞 𝐀𝐝𝐨𝐫𝐞 𝐘𝐨𝐮 || NamJin FF [Completed]✔︎Where stories live. Discover now