𝐂𝐡𝐚𝐩𝐭𝐞𝐫 - 9 ☕

1.3K 212 10
                                    

Zawgyi

"​နမ်​ဂျွန်​Hyung ? ဂင်​မ်​နမ်​ဂျွန်​Hyung ?
ဟုတ်​တယ်​မလား ?"

နမ်​ဂျွန်​ အတိတ်​ဆီ အ​တွေး​လွင့်​​နေတုန်း ကြားလိုက်​ရတဲ့ အသံ​ကြောင့်​ သတိပြန်​ဝင်​လာတယ်​ ။ အသံလာရာဆီ ကြည့်​လိုက်​​တော့ ယုန်​သွား​လေး​တွေ​ ပေါ်​နေအောင်​ ပြုံးပြ​နေတဲ့ မျက်​လုံး​တောက်​​တောက်​​လေးနဲ့ ​ကောင်​​လေးတစ်​​ယောက်​ ။

"ဟုတ်​​နေတာပဲ !! ဟုတ်​ပါ့မလားလို့ ကြည့်​​နေတာ"

ထို​ကောင်​​လေးက ရယ်​ရင်း ဝမ်းသာအားရ ထပ်​​ပြောတယ်​ ။ ထို​ကောင်​​လေးဟာ ငယ်​ရုပ်​မ​ပျောက်​တာမို့ နမ်​ဂျွန်​ ချက်​ချင်း မှတ်​မိသွားတယ်​ ။ ဒီက​လေးက နမ်​ဂျွန်​တို့ရဲ့ဂျူနီယာနှစ်​က က​လေး ။ ဂျင်​Hyung နဲ့ ယွန်းဂီHyung တို့ ပြီးရင်​ သူနဲ့​ တော်​​တော်​​လေး ရင်းနှီးခဲ့တယ်​လို့​ ပြောရမယ်​ ။

"​ဂျောင်​ဂု ?"

"သိပ်​ဟုတ်​ !ကျွန်​​တော်​ပါပဲဗျာ ! မ​တွေ့တာ ကြာပြီ​နော်​ Hyung "

ဂျောင်​ဂုကြည့်​ရတာ ​တက်​ကြွ​နေတယ်​ ။ အရင်​ကလို က​လေးရုပ်​​လေး မဟုတ်​​တော့ဘဲ ခန့်​ညား​ချော​မောတဲ့ အရပ်​ရှည်​ရှည်​နဲ့ လူငယ်​​လေးတစ်​​ယောက်​ ဖြစ်​​နေပြီဆို​ပေမယ့်​ ငယ်​ရုပ်​​လေး​တော့ မ​ပျောက်​​ပေ ။

"ဟုတ်​တယ်​ ။ Hyung ဂျာမနီကို ထွက်​သွားပြီးကတည်းကပဲမလား ? ဒီနှစ်​​တွေထဲ မင်း ဘာ​တွေလုပ်​​​နေလဲ ?"

နမ်​ဂျွန်​လည်း မိမိလမ်း​ကြောင်းကို အခမ်းအနား လုပ်​​နေမယ့်​ ခန်းမဆီကို ပြန်​ဦးတည်​လိုက်​တယ်​ ။ ​ဂျောင်​ဂုက နမ်​ဂျွန့်ဘေးက​နေ ယှဉ်​ပြီး လိုက်​​လျှောက်​လာတယ်​ ။

"Hyung ဂျာမနီကို ထွက်​သွားတုန်းက ကျွန်​​တော်​​ ကျောင်းမပြီး​သေးဘူး​လေ ။ ​Hyung သွားပြီး နှစ်​နှစ်​​လောက်​ကြာမှ ကျွန်​​တော်​ ​​Los Angeles ကို သွားတာ ။ အကပညာကို သွား​လေ့လာတယ်​ဆိုပါ​တော့ ။"

"ဒီလိုကိုး ။ ငါ မှတ်​မိ​သေးတယ်​ ။ မင်း​ ကျောင်းတုန်းကတည်းက အကကို​ တော်​​တော်​စိတ်​ဝင်​စားခဲ့တာမလား ? ကောင်းပါတယ်​ ။ အာ ... မင်း​ပြောမှ သတိရတယ်​ ။ ယွန်းဂီHyung လည်း ငါနဲ့​ရှေ့ဆင့်​​နောက်​ဆင့်​​လောက်​ Los Angeles ကိုသွားခဲ့တာပဲ​ရော ။ သူ အဲဒီ့မှာ သုံးနှစ်​​လောက်​ ကြာတယ်​​လေ ။ မင်းသွားတဲ့နှစ်​ဆို တတိယ​မြောက်​နှစ်​ ဖြစ်​မယ်​ထင်​တယ်​ ။ မင်းနဲ့​ တွေ့​သေးလား ? အဲဒီ့မှာ ။"

𝐇𝐲𝐮𝐧𝐠 ! 𝐋𝐞𝐭 𝐌𝐞 𝐀𝐝𝐨𝐫𝐞 𝐘𝐨𝐮 || NamJin FF [Completed]✔︎Where stories live. Discover now