𝐂𝐡𝐚𝐩𝐭𝐞𝐫 -14 ☕

1.3K 195 3
                                    

Zawgyi

"ဂင်​မ်​ အာ မီ !! ​နောက်​ဆုံး​တော့ နင်​ပြန်​လာပြီ​ပေါ့​ !"

အိမ်​တံခါး​လေးဖွင့်​ပြီး အ​ပေါ်ထပ်​ဆီ လှစ်​ခနဲ​ ပြေးတက်​ဖို့ ကြံ​နေတုန်း ဧည့်​ခန်းက​နေ ဟိန်းထွက်​လာတဲ့ အသံကြီး​ကြောင့်​ အာမီ့​ခြေလှမ်းတို့ တုံ့သွားရတယ်​ ။ နားကြားမှားတာလား ဆိုပြီး ဧည့်​ခန်းထဲ​ ချောင်းကြည့်​လိုက်​​တော့ ဧည့်​ခန်းမှာ မိန့်​မိန့့်​ကြီးထိုင်​​နေတဲ့ အစ်​ကိုဖြစ်​သူကို​ တွေ့လိုက်​ရ​တော့ အာမီလည်း ဝမ်းသာအားရနဲ့ ...

"အယ်​ ! ကိုကို အိမ်​ပြန်​​ရောက်​​နေတယ်​ !! အထူးအဆန်းပါလား ! အရင်​ကဆို ​မေ​မေ အတင်း​ခေါ်တာ​တောင်​​ တော်​ရုံမလာတဲ့သူက ။ ညီမ​လေး ထီ​ပြေးထိုးလိုက်​ရ​တော့မလား ကိုကို ?"

ဂင်​မ်​အာမီတစ်​​ယောက်​ စလိုက်​​ပေမယ့်​ အစ်​ကိုဖြစ်​သူဆီက ရှုတည်​တည်​အကြည့်​ကြီးပဲ ပြန်​ရတာမို့ တွန့်​သွားမိတယ်​ ။
ငါ့အစ်​ကို ဘာဖြစ်​လာတာပါလိမ့်​ ! မဟုတ်​မှ ငါ BTSအယ်​လ်​ဘမ်​ အချပ် ၅၀၀ ဝယ်​လိုက်​တာကိုများ သိသွားလို့လား !!
ဒါမှမဟုတ်​ စာ​မေးပွဲနီး​နေတာကို ဒီ​နေ့ BTS Fan Meeting ကို ခိုးသွားတာ ​တွေ့သွားလို့များလား ??
အ​တွေးနဲ့အတူ လူကလည်း သတိအ​နေအထားနဲ့
ဧည့်​ခန်းအဝမှာတင်​ ​တောင့်​​တောင့်​ကြီး ရပ်​​နေမိတယ်​ ။ RMအိုပါး​ရေ ကယ်​ပါဦး ။ ဒီမှာ အိုပါးရဲ့က​လေး​လေး အရမ်း​ကြောက်​​နေပြီ​နော်​ ။

"ဒီခဏ လာပါဦး ။ ​မေးစရာရှိလို့ ။"

အသံကြီးက ​အေးစက်​စက်​နဲ့​ ကြောက်​စရာ​ကောင်းလှတာမို့  အာမီ့အ​နေနဲ့ တစ်​ခုခု​တော့ မူမမှန်​မှန်း ရိပ်​မိလိုက်တယ် ။ ပုံမှန်​ဆို အာမီ့ကို သိပ်​ချစ်​တဲ့ နမ်​ဂျွန်​က 'ငါတို့အာမီ ငါတို့အာမီ'ဆိုပြီး ဖူးဖူးမှုတ်​ထားတတ်​တာ ။ အခု​တော့ မျိုးရိုးနာမည်​ပါ တပ်​​ခေါ်​နေတာမို့ တကယ်​​ဒေါသထွက်​​နေတာဖြစ်​မယ်​လို့ အာမီ​တွေးမိတာကြောင့်​ အရင်​လို အထွန့်​မတက်​ရဲ ။

"ဟုတ် "

'ဘုရား ဘုရား ငါထင်​တာမှန်​​နေပြီ ။ ဆူ​တော့မယ်​ထင်​တယ်​ ဘယ်​လိုလုပ်​ရမလဲ !!' ဆိုတဲ့ အ​တွေးနဲ့အတူ အစ်​ကိုဖြစ်​သူထိုင်​​နေတဲ့ ဆိုဖာနား လိမ်​လိမ်​မာမာ​ လျှောက်​သွားရင်း ကုပ်​ကုပ်​​လေး သွားရပ်​လိုက်​တယ်​ ။ အယူခံဝင်​လို့ ရလိုရငြား မျက်​နှာကိုလည်း အတတ်​နိုင်​ဆုံး ငယ်​ထားရင်း အပြစ်​ကို ဝန်​ခံဖို့ အသင့်​ပြင်​​နေမိတယ်​ ။

𝐇𝐲𝐮𝐧𝐠 ! 𝐋𝐞𝐭 𝐌𝐞 𝐀𝐝𝐨𝐫𝐞 𝐘𝐨𝐮 || NamJin FF [Completed]✔︎Where stories live. Discover now