𝐂𝐡𝐚𝐩𝐭𝐞𝐫 - 3 ☕

1.7K 251 18
                                    

Zawgyi

အလုပ်​ ပထမ​နေ့ ။

*ချွင်​ !!!*

"Good Morning ပါ ၊ သူ​ဌေး ။"

မနက် ၉နာရီမထိုးခင် နမ်​ဂျွန်​ဆိုင်​ထဲဝင်​လာ​တော့ ဂျင်​Hyung က ​ကော်​ဖီ​စေ့​တွေကြိတ်​ရင်း အလုပ်​ရှုပ်​​နေတဲ့ပုံပဲ ။
နမ်​ဂျွန်​ နှုတ်​ဆက်​လိုက်​​တော့ နမ်​ဂျွန့်​ကို ပြန်​ပြုံးပြလာတဲ့ ဂျင်​Hyung ။ ဆွယ်​တာအပြာနု​လေးဝတ်​ထားတဲ့ ဂျင်​Hyung ဟာ နှင်းနတ်​သား​လေးအတိုင်းပဲ ။ ကြည့်​ရတာသိပ်​​အေးချမ်း ။ မနက်ခင်းကတည်းက ကိုယ်ချစ်တဲ့သူရဲ့မျက်နှာလေးကို မြင်ရတာဟာ တကယ်ကို ကောင်းချီးတစ်ပါးပါပဲလား လို့ နမ်ဂျွန် တွေးလိုက်မိတယ် ။

"ဪ ​... ရောက်​လာပြီလား ? ဒါဆို ဝန်​ထမ်းနား​နေခန်းမှာအိတ်​သွားထားလိုက်​ ။ ယူနီ​ဖောင်း​တွေက​ အဲ့က ဗီရိုအ​ပေါ်ကန့့်​မှာရှိတယ်​ ။ Large size တွေချည်းပဲဆိုတော့ ကိုယ့်​ဘာသာကိုယ် အဆင်​ပြေတာ ယူဝတ်​လိုက်​​တော့​နော်​ ။ ဒီမှာကျွန်​​တော်​ အလုပ်​လက်​စကြီးဖြစ်​​နေလို့ ။"

"ဟုတ်​ကဲ့ Hyung ၊ အဲ​ ... သူ​ဌေး ။"

နမ်​ဂျွန်​ စကားမှားသွား​ပေမယ့်​ ​ဆော့ဂျင်​ကစိတ်​မဆိုးပဲ ခပ်​ဟဟ ရယ်​​နေတယ်​ ။ နမ်​ဂျွန်​ အဝတ်​လဲပြီးထွက်​လာ​တော့ ဆော့ဂျင်က ကော်ဖီကြိတ်လို့ ပြီးသွားပုံပင် ။ ဖန်ခွက်တွေ သုတ်နေရင်းက ပြောလာတယ် ။

"ရပါတယ်​ ကျွန်တော့်ကို အဆင်​​ပြေသလိုပဲ​ခေါ် ။ ကျွန်​​တော်​တို့ဆိုင်​က Family type ​လေ ။ တခြားက​လေးနှစ်​​ယောက်​လည်း ကျွန်​​တော့်​ကို Hyung လို့ပဲ​ခေါ်တာ ။
နမ်​ဂျွန်​က ကျွန်​​တော့်​ထက်​ငယ်​တယ်​ဆို​တော့ Hyung လို့ပဲ​ခေါ်​ပေါ့ ။ ကျွန်​​တော်​လည်း နမ်​ဂျွန်​လို့ပဲ​ခေါ်မယ်​​လေ ။"

ဆော့ဂျင်စကားအဆုံး နမ်ဂျွန်လည်း အရဲစွန့်လို့ မေးလိုက်တယ် ။

"ဟုတ်​ကဲ့ ။ ဒါဆို ဂျင်​Hyung လို့​ခေါ်လို့ရလား ?"

"ရပါတယ်​ ဘယ်​သူမှ​တော့အဲ့လိုမ​ခေါ်ဖူး​ပေမယ့်​ ..."

𝐇𝐲𝐮𝐧𝐠 ! 𝐋𝐞𝐭 𝐌𝐞 𝐀𝐝𝐨𝐫𝐞 𝐘𝐨𝐮 || NamJin FF [Completed]✔︎Where stories live. Discover now