𝐂𝐡𝐚𝐩𝐭𝐞𝐫 - 5 ☕

1.5K 225 18
                                    

Zawgyi

နမ်​ဂျွန်​ Market ကနေ ပြန်​လာ​တော့ ဆိုင်​မှာ လူရှင်း​နေ​သေးတယ်​ ။ ဒီရက်​ပိုင်း မိုး​တွေဆက်​တိုက်​ရွာ​နေ​တော့ လူ​တွေအလာကျဲ​နေတာ ။ ဝယ်လာတဲ့ပစ္စည်းတွေကို စတိုခန်းထဲသွားထည့်ပြီး နမ်​ဂျွန်​ ဂျင်​Hyung ကို သပ်သပ်ဝယ်​လာတဲ့ စ​တော်​ဘယ်​ရီ​တွေ​ပေးလိုက်​​တော့ ဂျင်​Hyung က ...

"ငါမှာလိုက်​တဲ့ထဲ စ​တော်​ဘယ်​ရီ​တွေ မပါဘူးထင်​တာပဲ ။
မှားဝယ်​လာတာလား ?"

ငွေစာရင်းကလည်း အပိုအလိုမရှိကွက်​တိမို့ ​ဆော့ဂျင်​​မေးလိုက်​တာ ။

"မဟုတ်​ဘူး ။ ဂျင်​Hyungစားဖို့ ကျွန်​​တော်​ဝယ်​လာတာ ။"

နမ်ဂျွန့်စကားအဆုံး ​ဆော့ဂျင်​ မျက်​ခုံး​လေး​တွေ ပင့်​တက်​သွားတယ်​ ။ အရည်​ရွှမ်းပြီး အရသာရှိလိုက်​မယ့်​ စ​တော်​ဘယ်​ရီနီနီ​တွေက ​ဆော့ဂျင်​ကို 'စားလှည့်​စားလှည့်​'လို့​ ပြော​နေသလိုပဲ ။ စ​တော်​ဘယ်​ရီဘူးကို ကြည့်​​နေတဲ့ ​ဆော့ဂျင်ရဲ့ မျက်​လုံး​လေး​တွေဟာ အ​ရောင်​​တောက်​​နေတယ်​ ။ စိတ်​ထဲလည်း တစ်​မျိုးကြီး ခံစား​နေရတယ်​ ။ ဒီလိုအ​ခြေအ​နေမျိုးကို ရင်းနှီး​နေသလိုလို ။ ဒါပေမဲ့ ဆော့ဂျင်ဟာ ကျေးဇူးတင်ကြောင်း ပြဖို့မမေ့ ။

"အိုး ... တကယ်​ကြီးလား ? ဒါဆို အားမနာ​တော့ဘူး​နော်​ ​။ ကောင်း​ကောင်းစားပါ့မယ်​ကွာ ။"

ဆော့ဂျင်​က နမ်​ဂျွန့်​ကိုလည်း​​ ပြုံးပြီးပြော​နေသလို အ​နောက်​က​နေ စ​တော်​ဘယ်​ရီဘူးကို ငမ်း​နေတဲ့ ထယ်​​ယောင်းနဲ့ ဂျီမင့်​ကို လှမ်းဆူဖို့လည်းမ​မေ့ ။

"ဟိုက​လေးနှစ်​​ယောက်​ မင်းတို့မြင်​တယ်​​နော်​ ! ​နမ်​ဂျွန်​ဆို ဘယ်​​လောက်​ အလိုက်​သိလိုက်​လဲ ! မင်းတို့ကို ငါ Bonus ​တွေ ခဏခဏ​ ပေးတာ​တောင်​ မင်းတို့ငါ့ကို သကြားလုံးတစ်​လုံး​ ပေးဖူးလား​ ပြော !! မင်းတို့ နမ်​ဂျွန့်​ဆီက များများသင်​ယူကြ ကြားလား !"

ဆော့ဂျင်​စကားအဆုံး အလုပ်​လုပ်​​နေတဲ့ ထယ်​​ယောင်းနဲ့ ဂျီမင်​က ပြိုင်​တူမဲ့ပြကြတယ်​ ။ ​ဆော့ဂျင်​ မမြင်​​အောင်​ ။ အလုပ်​ပြုတ်​မှာ​တော့ ​ကြောက်​ကြသား ။ နမ်​ဂျွန်​က​တော့ ဂျင်Hyungရဲ့ ချီးကျူးမှုတစ်​သိန်း​ကြောင့်​ သွားကိုမစိနိုင်​​တော့​ပေ ။ ဒါ​ပေမယ့်​ ​ဂျင်​Hyung လက်​ထဲက စ​တော်​ဘယ်​ရီ​လေး​တွေကို လှမ်းလှမ်း​ငေး​နေတဲ့ အငယ်​နှစ်​​ယောက်​ကို မကြည့်​ရက်​​တော့တာမို့ အပိုဝယ်​လာတဲ့ Marshmallow တစ်​ဘူး​ပေးလိုက်​​တော့ နှစ်​​ယောက်​သား မျက်​လုံး​လေး​တွေ တလက်​လက်​ ။ နမ်​ဂျွန့်​ကို Heart Sign ​တွေ လုပ်​ပြ​နေကြတယ်​ ။ တကယ်​က နမ်​ဂျွန်​က ဖားထားတာပင် ။ ထယ်​​ယောင်းက ဂျင်​Hyung ရဲ့ညီဝမ်းကွဲလေးကိုး ။

𝐇𝐲𝐮𝐧𝐠 ! 𝐋𝐞𝐭 𝐌𝐞 𝐀𝐝𝐨𝐫𝐞 𝐘𝐨𝐮 || NamJin FF [Completed]✔︎Where stories live. Discover now