𝐂𝐡𝐚𝐩𝐭𝐞𝐫 - 6 ☕

1.4K 222 12
                                    

Zawgyi

"တကယ်​ကြီး ! မနက်​ဖြန်​ ဆိုင်​တစ်​ရက်​ ပိတ်​မယ်​ !
လခထဲကလည်း မဖြတ်​ဘူး !! တကယ်​ကြီး !! "

ဂျီမင်​က မယုံနိုင်​သလို​မေးရင်း အတည်​ပြု​နေတာမို့ ​ဆော့ဂျင်​​ ပြုံးပြီး ခေါင်းအသာ ငြိမ့်​ပြလိုက်​တယ်​ ။ ဒါကိုမြင်​တော့ ထယ်​​ယောင်းကပါ တအံ့တသြ မေးလာတယ် ။

"ရှားရှားပါးပါး တကယ်​ကြုံ​တောင့်​ကြုံခဲဗျာ !
Hyung ဘယ်​သွားမလို့လဲ ?"

"​အထက်​တန်းတုန်းက တက်​ခဲ့တဲ့ကျောင်းကို ခဏသွားမလို့ ။ Teacher's Day အတွက် Former students meeting ရှိတယ်​ဆိုလို့ ။"

"ဪ ... "

"​အဲ့ဒါ Hyung ဒီ​နေ့​ ​စောပြန်​မလို့ ။ ဆိုင်​ကို ကိုယ့့်​ဘာသာကိုယ်​ ပိတ်​လိုက်​လို့ ဖြစ်​တယ်​မလား ? Hyung လက်​​ဆောင်​​တွေ သွားဝယ်​ရမှာမို့လို့ ။ ဒါနဲ့ နမ်​ဂျွန်​​ရော ? မတွေ့ပါလား ?"

ဆော့ဂျင် ကလေးတွေကို မှာစရာရှိတာမှာနေတုန်း နမ်ဂျွန် ဆိုင်ထဲမှာ မရှိတာကို သတိထားမိသွားပြီး မေးလိုက်တယ် ။ အဲ့တော့မှ ဂျီမင်လည်း သတိထားမိသွားကာ ...

"အယ်​ !! Hyung​ပြောမှ နမ်​ဂျွန်​Hyung ဘယ်​​ရောက်​သွားလဲ ​? တွေ့မိ​သေးလား ထယ်​​ယောင်း ?"

ဂျီမင့်​အ​မေးမှာ ထယ်​​ယောင်းမျက်​လုံး​လေးက ကလယ်​ကလယ်​ ။ ဆိုင်​အတွင်းထဲ ဟိုဟိုဒီဒီကြည့်​ရင်း ...

"ငါမသိဘူး​လေ ​။ ခုနက Julia-ssi မပြန်​ခင်​က ရှိပါ​သေးတယ်​ ။ သူဝယ်​လာတဲ့ပစ္စည်းတွေက​တော့ ဒီမှာရယ်​ ။"

ဆော့ဂျင်​ ထယ်​​ယောင်း ညွှန်​ပြတဲ့ စားပွဲ​ပေါ်က ပစ္စည်း​တွေကို တစ်​ချက်​ကြည့်​ရင်း ဆိုင်​အပြင်​ကို​ တွေ​တွေ​လေး​ ငေးကြည့်​​နေမိတယ်​ ။ က​လေးနှစ်​​ယောက်​ ဆက်​​ပြော​နေတဲ့ စကား​တွေကို ​ဆော့ဂျင်​ ဆက်​မကြား​တော့ ။ စိတ်​ထဲ မ​ရေမရာ ခံစား​နေရတာ ဒါပထမဆုံးပဲ ။ Julia နဲ့က ဘာမှမဟုတ်​တဲ့အ​ကြောင်း တစ်​ခါတည်း အားလုံး​ရှေ့မှာ​ အပြတ်​ပြောလိုက်​ပြီးသားပဲကို သူက ဘာလို့ အပြစ်​ရှိသလို ခံစား​နေရတာလဲ ? ပြီး​တော့ သူ နမ်​ဂျွန့်​ကို ဘာလို့ ဒီ​လောက်​ထိ အာရုံစိုက်​​နေမိတာလဲ ?

𝐇𝐲𝐮𝐧𝐠 ! 𝐋𝐞𝐭 𝐌𝐞 𝐀𝐝𝐨𝐫𝐞 𝐘𝐨𝐮 || NamJin FF [Completed]✔︎Where stories live. Discover now