𝐂𝐡𝐚𝐩𝐭𝐞𝐫 - 4 ☕

1.7K 245 44
                                    

Zawgyi

"ဒါဆို ဒီ​နေ့ မင်း သူ့ပစ္စည်း​တွေကို ဖျက်​စီးခဲ့တာ​ပေါ့ ။
ဟုတ်​လား ?"

နမ်​ဂျွန်​တစ်​​ယောက်​ ဂျင်​Hyungရဲ့ဆိုင်​က​နေ​ စောပြန်​လာရချိန်​ လမ်းမှာ ယွန်းဂီHyung နဲ့​တွေ့တာမို့ ယွန်းဂီHyungပိုင်​တဲ့ studio ဆီ အတူလာဖြစ်​သွားတယ်​ ။ အလုပ်​ကိစ္စ​ကြောင့်​လည်း ပါတာ​ပေါ့ ။ Studio ​ရောက်​လာ​ပေမယ့်​ ဘူ​နေတဲ့ နမ်​ဂျွန်​ကြောင့်​ စကားလမ်း​ကြောင်းက အလုပ်​အ​ကြောင်းထက်​ ဂျင်​Hyungဆိုင်​မှာ ဒီ​နေ့ ပြဿနာရှာမိပုံဆီ​ ရောက်​သွားရှာ​တယ်​ ။ ဖြစ်​​ကြောင်းကုန်​စင်​​ ပြောအပြီးမှာ
ယွန်းဂီHyungရဲ့စွပ်​စွဲချက်​ကို နမ်​ဂျွန်​ အမြန်​​ချေပမိတယ်​ ။

"ဖျက်​စီးတာ မဟုတ်​ပါဘူးဆို !! ဒီအတိုင်း မ​တော်​တဆပါ Hyung ရာ ။ မ​တော်​တဆ ။"

"ဂျုံမှုန့်​ထုတ်​ကို ကတ်​​ကြေး​လေးနဲ့​ဖောက်​တာ တစ်​ထုတ်​​လုံးကွဲသွားတယ်​ဆိုတာကြီးက မ​တော်​တဆလား ?"

ယွန်းဂီHyung က 'မင့်​ဟာက ယုံချင်​စရာကြီး ​၊ တောမှာသွား​ပြော'ဆိုတဲ့ အကြည့်​နဲ့ကြည့်​တယ်​ ။ နမ်​ဂျွန်​က​တော့ မျက်​စိစုံမှိတ်​ပြီး ငြင်းနေဆဲ ။

"ဘုရားစူး ၊ တကယ်​ မ​တော်​တဆပါဗျာ !!
အဲ့ကတ်​​ကြေးကိုက ထူးဆန်း​နေတာ ။"

နမ်​ဂျွန်​ ပြော​နေရင်း အဲဒီ့အချိန်​ကို ပြန်​​တွေးလိုက်​မိတယ်​ ။ အဲ့ကတ်​​ကြေးက တကယ်​ ထူးဆန်း​နေတာ ။ အဲ့တုန်းက ကတ်​​ကြေးရဲ့ထိပ်​ဖျားနဲ့ ဘယ်​လိုညှပ်​ညှပ်​မရတာနဲ့ အရင်းပိုင်းနဲ့​ ဖောက်​ပစ်​လိုက်​တာ​ ။ အဲ့အချိန်​မှာမှ ကတ်​​ကြေးထိပ်​ဖျားက ဘယ်​လိုလုပ်​ ပြန်​ထက်​သွားတယ်​မသိ ။ ရုတ်​တရက်​ကြီး ဂျုံထုတ်​​လေးမှာ အလယ်​နားအထိကို ထုတ်​ချင်း​ပေါက်​ ။ ရုတ်​တရက်​​ ပေါက်​ထွက်​လာတာမို့ ဂျုံမှုန့်​​တွေက လူကိုလာစင်​တဲ့အခါ နမ်​ဂျွန်​လည်း လှုပ်​လှုပ်​ရှားရှားဖြစ်​သွားပြီး လက်​ကိုယမ်းလိုက်​မိတာ စားပွဲ​ပေါ်က ကြက်​ဥထည့်​ထားတဲ့ ခြင်း​သေး​သေး​လေးကို လက်​နဲ့တိုက်​မိပြီး ကြက်​ဥ​တွေပါ ကွဲကုန်​ပါ​ရောလား ။ အဖြစ်​အပျက်​က မြန်​ဆန်​လွန်းလို့ ကာယကံရှင်​ နမ်​ဂျွန်​ကိုယ်​တိုင်​​တောင်​ ဘာ​တွေဘာ​ကြောင့်​ ဘယ်​လိုဖြစ်​သွားတယ်​​ သေချာမသိလိုက်​ ။ ယွန်းဂီHyungက​တော့ လက်​​တွေ့သမားပီပီ နမ်​ဂျွန့်​ရဲ့စကားကို ယုံပုံမရ ။ Pocker Face နဲ့ ကြည့်​​နေဆဲ ။

𝐇𝐲𝐮𝐧𝐠 ! 𝐋𝐞𝐭 𝐌𝐞 𝐀𝐝𝐨𝐫𝐞 𝐘𝐨𝐮 || NamJin FF [Completed]✔︎Where stories live. Discover now