𝐂𝐡𝐚𝐩𝐭𝐞𝐫 -15 ☕

1.3K 196 16
                                    

Zawgyi

ဂင်​မ်​အာမီတစ်​​ယောက်​ အစ်​ကိုဖြစ်​သူရဲ့ရာဇသံ​ကြောင့်​ မနက်​​စော​စောမှာပဲ Omelas Cafe ​ရှေ့ကို​ ရောက်​လာခဲ့တယ်​ ။ ဆိုင်​ဖွင့်​ချိန်​က ၉နာရီဆို​တော့ နာရီဝက်​​တောင်​ လို​နေ​သေးတာပင်​ ။

"ကိုကိုတို့ကလည်း​ လောလိုက်​တာ ။ ဆိုင်​မဖွင့်​​လောက်​​သေးပါဘူးဆိုတာကို ။ ဒီမှာ အိပ်​​ရေး​တောင်​မဝဘူး ... ဝှါးးး ။ ကိုယ့်​ညီမဆို သိပ်​နိုင်​စား ​။ နောက်​တစ်​ခါ ငါ့က​လေး​တွေ Comeback ကျရင်​ အယ်​လ်​ဘမ်​အချပ် ၈၀၀လောက်​ကိုဝယ်​ပစ်ဦး​မယ်​ ။ ဟွန်း ! ​"

ဆိုင်​​ရဲ့မလှမ်းမကမ်းမှာ​ ခေါက်​တုံ့​ခေါက်​ပြန်​​ လျှောက်​ရင်း အာမီ​ ဆူပွပွ ​ရေရွတ်​​နေမိတယ်​ ။ အခု အာမီ့ပုံစံက Kpopper ​တွေ ဝတ်​​လေ့ဝတ်​ထရှိတဲ့ ​ခေါင်းအစ​ ခြေအဆုံး ဖုံးထားတဲ့ စတိုင်​မျိုး ဖြစ်​တဲ့အပြင်​ ဦးထုပ်​အမည်း​ဆောင်းပြီး Mask အမည်းပါ တပ်​ထား​သေးတာမို့ မသိရင်​ မာဖီးယားဂိုဏ်းကလိုလို ။

ခဏအကြာမှာ​တော့ ဆိုင်​​လေးထဲ လူငယ်​တစ်​​ယောက်​ ဝင်​သွားတာ​ တွေ့လိုက်​ရပြီး ဆိုင်​အဝင်​ဝက Close ဆိုတဲ့ ကြိုးဆွဲဆိုင်းဘုတ်လေးက Openကို​ ပြောင်းသွားတယ်​ ။ အာမီလည်း ချက်​ချင်း​တော့ မဝင်​ရဲ​သေး ။ ဒါ​ကြောင့်​ ​နောက်​ထပ်​နာရီဝက်​​လောက်​ကြာမှ ဝင်​သွားလိုက်​တယ်​ ။ အ​ရေးထဲ Mask ကြီးတပ်​ထားရင်​ အကြမ်းဖက်​သမားလို့ ထင်​​နေမှာစိုးလို့ Maskကို ​မေး​စေ့နားအထိ ဆွဲချလိုက်​ရ​သေး ။

*ချွင်​ !!!*

ဆိုင်​အဝင်​ဝမှာ ချိတ်​ထားပုံရတဲ့​ ခေါင်း​လောင်း​လေးက မြည်​​တော့ အာမီ့မှာ တအံ့တသြ ။ ဒီလို​လေး​တွေ မ​တွေ့ရတာ ကြာပြီ​လေ ။ ​ခေါင်း​လောင်း​လေးကို ​ခေါင်းတပြန်​လည်​ ကြည့်​​ရင်းနဲ့မှ အ​ရှေ့ကို ပြန်​လှည့်​လိုက်​​တော့ ​ကောင်​တာမှာ အလုပ်​ရှုပ်​​နေပုံရတဲ့ အစ်​ကိုကြီးတစ်​​ယောက်​ကို တန်းမြင်​လိုက်​ရတယ်​ ။ ထိုအစ်​ကိုကြီးက အာမီ့ကို​ မော့ကြည့်​လိုက်​တဲ့အချိန်​ အာမီ့ရင်​ထဲဟာခနဲ ...

𝐇𝐲𝐮𝐧𝐠 ! 𝐋𝐞𝐭 𝐌𝐞 𝐀𝐝𝐨𝐫𝐞 𝐘𝐨𝐮 || NamJin FF [Completed]✔︎Where stories live. Discover now