Part 2

9K 784 27
                                    

Unicode

ကြယ်ကလေးရဲ့အားပေးဖော်
Part-2:

အဒေါ်ကြီးတို့ကို ဘာမှမဖြစ်ဘူးလို့သာ ပြောလိုက်ရတာ တစ်ယောက်ထဲကျန်ခဲ့ပြီဆိုတဲ့အသိက သွေးပျက်မတတ်......
ကြောက်စိတ်တို့က ငယ်ထိပ်က ဖောက်ထွက်တော့မလို....
ကိုယ့်အရှေ့က သရဲလားတစ္ဆေလားမသိတဲ့ ငနဲကတော့ ကိုယ့်ကိုသာ ပြုံးပြီးကြည့်နေလေရဲ့...

တုန်နေတဲ့ဒူးကိုလက်နဲ့အသာထိန်းရင်း ဖြေးဖြေးချင်းထနေတုန်း အဲ့ဒီသရဲက ဆတ်ခနဲထရပ်လိုက်တော့ ရိပေါ့်ခမျာ လန့်ပြီး ပြန်လဲကျသွားတော့မလို....

ဟန်ချက်ပျက်သွားတဲ့ ရိပေါ်ကို ကူထူပေးဖို့ အရှေ့တိုးမိတော့.....

"မ.....မလာနဲ့....
အရှေ့မတိုးခဲ့နဲ့နော်.....
တိုးလာရင် ထုပစ်လိုက်မှာ....."

စားပွဲပေါ်မှာထင်ထားတဲ့ ပန်းအိုးကို အမြန်လှမ်းယူရင်း စကားအထစ်ထစ်နဲ့ ဟိန်းဟောက်ပြနေတဲ့ ရိပေါ်......
သရဲကခြောက်လိုက်ရင် အသက် ဘယ်အပေါက်က ထွက်ရမှန်းမသိဖြစ်သွားမယ့်သူကများ.....
ငပြူးက ပြဲပြနေလိုက်တာ....

ရိပေါ်ပုံစံကိုကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းမရတာကြောင်း ခွီခနဲ တချက်ရယ်လိုက်မိတော့ ဒေါသအိုးရိပေါ်က "ဘာရယ်တာလဲ" ဆိုပြီးရန်တွေ့ကောင်းသေးတာ....

"ဟို....စိတ်ကိုနည်းနည်းလျော့ပါဦး
စကားလေးအေးအေးဆေးဆေးပြောကြတာပေါ့...နော်"

"ခင်...ခင်​ဗျား ရှေ့ကိုတိုးမလာနဲ့...
အဲ့....အဲ့နားမှာပဲ ရပ်....ရ​ပ်ပြီးပြော...."

အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောနေတဲ့ စကားသံတို့က ရိပေါ်ရဲ့သတ္တိကို မှတ်​ကျောက်တင်ပေးနေလေရဲ့.....

ခေါင်းလေးတချက်ညိမ့်ပြပြီး နေရာမှာပဲ ရပ်နေမိသည်......

ကြောက်စိတ်တွေကြားက အကဲခတ်သလိုကြည့်ရင်းနဲ့မှ....

"ခင်များက ဘယ်သူလဲ...
ဒီအခန်းထဲမှာ ဘယ်လိုဖြစ်ပြီးရှိနေတာလဲ.....
ခင်​ဗျားက တကယ် သ...သ...သ...သရဲလား"

ဆင်ပြောင်ကြီး အမြီးကျမှတစ် ဆိုသလို မေးခွန်းတွေအကုန် အဆင်ချောပြီးကာမှ သရဲကျမှ လာထစ်နေတဲ့ ရိပေါ်......

ကြယ်ကလေးရဲ့အားပေးဖော် [Complete]Where stories live. Discover now