Part 4

7.8K 796 84
                                    

Unicode

ကြယ်ကလေးရဲ့အားပေးဖော်
Part- 4:

မနက်ဖြန် ရိုက်ကွင်းမှာ ပြောရမယ့် ဒိုင်ယာလော့တွေက တော်တော်များတာမို့ ရိပေါ်တစ်ယောက် အသည်းအသန် လေ့ကျင့်နေသော်လည်း
ဒီနေ့မှ ဘယ်လိုဖြစ်တယ်မသိ....
မှတ်ရတာ အဆင်မပြေ...

ကိုကို့ကို ကြည့်လိုက်တော့ ထုံးစံအတိုင်း အခန်းထောင့်မှာ ကုတ်ကုတ်လေးထိုင်လို့.....

"ကိုကို..."
"အင်း...."

"ကျတော့်နဲ့ ဒိုင်ယာလော့တွေ ကူကျက်ပေးပါလား....ဟီး"

သွား၃၂ချောင်းလုံးပေါ်အောင် ဖြီးပြရင်း မျက်လုံးလေး ပလေကပ် ပလေကပ်.......
အဲ့လေ မှားလို့.....
မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ မျက်နှာချိုသွေးပြီး အကူညီတောင်းလိုက်တယ်လေ...

"ဘယ်လိုကူကျက်ပေးရမှာလဲ...
ကိုယ်မှ သရုပ်မဆောင်တတ်တာ...."

"အာ.... သရုပ်ဆောင်တတ်စရာမလိုပါဘူး ကိုကိုရ....
ကိုကိုက မင်းသမီးနေရာက ပြောရမယ့်စကားတွေ ပြောပေးရုံပဲ...."

"ဟမ်.... မင်းသမီးနေရာကလား..."

"အင်းလေ....
ကျတော်နဲ့တွဲပြီးသရုပ်ဆောင်ရမယ့်မင်းသမီးနေရာက နေရမှာ.....
ဒီမှာ... ဒီထဲမှာ ရေးထားတဲ့အတိုင်း ပြောပေးရုံပဲ..."

ဇာတ်ညွှန်းစာအုပ်ကို ပုတ်ပြရင်း ကူညီပေးဖို့ ဇွတ်တွေ ပူဆာနေတဲ့ ရိပေါ်.....

"ကောင်းပြီလေ....
အဲ့လောက်တော့ ရပါတယ်...."

"အဲ့ဒါဆို စ မယ်နော်...."
"အင်း!"
......

"မောင်!"
"ပြောလေ....မ"

"မ ကို ဘယ်လောက်ထိ ချစ်လဲ..."
"မေးနေဖို့ လိုသေးလို့လား မရဲ့...
အများကြီး ချစ်တာပေါ့လို့..."

"အဲ့လိုကြီး ဖြေတာမကြိုက်ပါဘူးနော်..."
"အဲ့လိုကြီးမကြိုက်ဘူးဆိုတော့ မက ဘယ်လိုဖြေစေချင်တာလဲ ပြော...."

မင်းသမီးနေရာကနေ နှုတ်ခမ်းကြီးထော်ပြီး မူနွဲ့ကာ အပီအပြင်သရုပ်ဆောင်နေတဲ့ ကိုကို့ကို ကြည့်ပြီး ရိပေါ် ရယ်ချင်စိတ်ကို မနည်းမြိုသိပ်ထားရတယ်....

"သူများတွေလို ကိုယ့်ချစ်သူကို ဘယ်လောက်ထိချစ်တဲ့အကြောင်း စာတွေက​ဗျာတွေဖွဲ့ပြီး ပြောစေချင်တာ...."

ကြယ်ကလေးရဲ့အားပေးဖော် [Complete]Where stories live. Discover now