Part 7

7.1K 693 20
                                    

Unicode

ကြယ်ကလေးရဲ့အားပေးဖော်
Part 7

ရိပေါ့်စိတ်တွေ ကြည်လင်သွားပြီဆိုတာ သေချာတော့ ကိုကိုက သူ့အတွက် အကျီဝတ်လို့ရမယ့်နည်းတွေ မေးလေတော့တယ်.....
အစ်ကိုယွီပင်းကို ကျေးဇူးတင်ရမယ်....
သူပြောတဲ့နည်းတွေထဲက တခုက အသုံးတည့်သွားပြီး ကိုကို အကျီဝတ်လို့ရသွားခဲ့ရတယ်လေ....

ကိုကိုက အဝတ်အစားရွေးတာ တော်သားပဲ....
ကျတော်နဲ့ ခပ်ပွပွအကျီတွေက ကိုကို့အရပ်အမောင်းနဲ့ကျ ကွက်တိ.....
အရင်က style pant နဲ့ shirt လက်ရှည်ဝတ်ထားတော့ လူကြီးဆန်တဲ့ပုံစံဖြစ်နေပေမယ့် အခု အနက်ရောင် hoddy လေးရယ် jean pant လေးနဲ့ဆိုတော့ ကျတော်နဲ့ ရွယ်တူအလားပဲ....

ကိုကိုကတော့ သူဝတ်ထားလေးကို သူကိုယ်တိုင်သဘောကျပြီး သူ့ခန္ဓာကိုယ် သူ လှည့်ပတ်ကြည့်လို့မဆုံး.........။

............

နေ့စဥ်ရက်ဆက် schedule တွေက တနေကုန်နီးပါးတွေ ဖြစ်နေတာမို့ လူက နှုံးချိချိဖြစ်နေပြီ....
ဒီနေ့ကျမှ ပရိသတ်တွေက အရင်နေ့ကထက်ပိုများပြီး ပိုတိုးဝှေ့နေသလိုပဲ.....

Bodyguard အစ်ကိုနှစ်ယောက်က ဘေးတဖက်ဆီကနေ အပြည့်အဝကာကွယ်ပေးထားလို့သာ တော်သေးတယ်.... ဒါတောင် အရှေ့ဘက် အနောက်ဘက်ဆီကနေ တချက်တချက် တိုးလာသေးတဲ့သူတွေ ရှိသေးတာ....

ကိုကိုက ကျတော်တို့ဘေးနားကနေ ခပ်ကျုံ့ကျုံ့လေး လိုက်လာရင်းက ....
ရုတ်တရတ် ကျတော့်အရှေ့ကနေ လက်နှစ်ဖက်ကိုဆန့်ပြီး ရင်ကိုကော့လို့ လျှောက်နေလေရဲ့......
လျှောက်နေရင်းကနေ ကျတော့်ဘက်ဆီ လှည့်ကြည့်ပြီး

"ရိပေါ်....
ကိုယ် မင်းကို ကာကွယ်ပေးမယ်..." တဲ့။

ကျတော့်ရင်ထဲမှာ သိမ့်ခနဲပဲ....
ဘယ်သူမှ မမြင်နိုင်တဲ့နေရာကနေ ကျတော့်ကို ကိုကိုက အစွမ်းကုန် ကာကွယ်ပေးနေတာ.....

ဘယ်သူမှ မမြင်လဲ ကျတော်မြင်နေရတယ် ကိုကို....
ကိုကို့ရဲ့ ကာကွယ်ပေးနေမှုတွေကို......

ဘယ်သူမှ မသိရှိ မခံစားနိုင်တဲ့ ကိုကိုနဲ့ ကျတော့်ကြားက
သံယောဇဥ်တွေ.....
မေတ္တာတရားတွေ.....
အကြင်နာတရားတွေ.....

ကြယ်ကလေးရဲ့အားပေးဖော် [Complete]Where stories live. Discover now