Part 9

6.7K 658 10
                                    

Unicode

ကြယ်ကလေးရဲ့ အားပေးဖော်
Part - 9

ရိပေါ် ရိုက်ကူးရေးလုပ်နေတုန်း ကိုကိုတစ်ယောက် အနီးနားပတ်ဝန်းကျင် ဟိုဟိုဒီဒီလျှောက်သွားရင်း စပ်စုနေလေတယ်...

ခပ်လှမ်းလှမ်းက အထပ်မြင့်အဆောက်အဦးကြီးတခုကို ကိုကို မြင်လိုက်ရသည်.....
ထိုအဆောက်အဦးကြီးရဲ့ အနီးအနားထိ သွားရောက်ကြည့်ရန် တခုခုက ကိုကို့ကို ဆွဲဆောင်နေသလို......
ကိုကို့ခြေလှမ်းတွေ ခပ်သွပ်သွပ်လှမ်းလာရင်း ထိုအဆောက်အဦး ကြီးရှေ့မှာ ခြေစုံရပ်ကာ တမေ့တမောနဲ့ ကြည့်နေမိတယ်.....
စိတ်ထဲမှာ ဒီအဆောက်အဦးကြီးနဲ့ ရင်းနှီးနေသလို......
တဆက်ထဲမှာပဲ ဝမ်းနည်းသလို နာကျင်သလို ခံစားလာရတယ်......

သုံးလွှာမြှောက်မှာ ဒီအဆောက်အဦးရဲ့နာမည်လို့ ထင်ရတဲ့ ကြီးမားလွန်းတဲ့ board ကြီးကို အနီရောင်ပိတ်စနဲ့ ဖုံးအုပ်ထားသဖြင့် မဖွင့်လှစ်ရသေးတဲ့ အသစ်စက်စက်အဆောက်အဦးဖြစ်ဟန်တူသည်.... .

ကိုကိုတစ်ယောက် သူ့ဘယ်ဘက်ရင်အုံနေရာက အကျီစက လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ထားရင်း.....

"ဒီအဆောက်အဦးက ဘာလဲ.....
ဒါကြီးကို မြင်လိုက်တာနဲ့ ငါ့.....
ငါ့ရင်ထဲက ဘာလို့နာလာရတာလဲ...."

အဖြေမရှိတဲ့မေးခွန်းတွေကို ထပ်တလဲလဲ ရေရွတ်နေမိသည်.....
...........

"ကျတော်တို့ကတော့ condos တွေကို အခုရောင်းဖို့အတွက် စီစဥ်စေချ​င်ပြီ......"

"ဟုတ်တယ်..... အရင်းအနှီးတွေက အဲ့ဒီထဲမှာ မြှုပ်နေတာ....
အချိန်ဆွဲမနေပဲ ဖွင့်ပွဲလုပ်ပြီး condos တွေရောင်းဖို့ စီစဥ်သင့်ပြီ....."

အစည်းအဝေးခန်းမထဲတွင် ရှယ်ယာရှင်တွေ တစ်ယောက်တစ်မျိုး အဆိုပြုနေကြသည်.....

မြန်မြန်ဖွင့်ပြီး မြန်မြန်ရောင်းဖို့ ဆန္ဒရှိသူများ ရှိသလို.....
ရှောင်းဥက္ကဌနည်းတူ အချိန်တစ်ခုလောက် ထပ်စောင့်ပြီး ရှောင်းကျန့်သတိရလာမှ " Xiao Apartment & Condo Building" ဖွင့်ပွဲနဲ့ ရောင်းချပွဲကို စီစဥ်စေချင်ကြသူများလဲ ရှိသည်....
အင်ဂျင်နီယာအဖွဲ့ကလဲ ထိုနည်းတူစွာပင်.....

ကြယ်ကလေးရဲ့အားပေးဖော် [Complete]Where stories live. Discover now