Part 10

6.8K 661 5
                                    

Unicode

ကြယ်ကလေးရဲ့အားပေးဖော်
Part 10

အိပ်ယာပေါ်မှာ သက်ပြင်းအကြိမ်ကြိမ်ချကာ အိမ်​မပျော်ပဲ ရှိနေတဲ့ ရိပေါ်ဆီက တစ်ချက် တစ်ချက် ရှိုက်သံသဲ့သဲ့ကို ကိုကို ကြားနေရသည်.....
ဒီလိုပုံစံသာဆိုရင် ဒီကလေး တစ်ညလုံး အိပ်ပျော်မှာမဟုတ်တာ ကိုကိုသိတာမို့ ရိပေါ် ကျောဘက်နားဆီ ဝင်ထိုင်လိုက်ပြီး ရိပေါ့်ပခုံးလေးကို အသာအယာဆုပ်ကိုင်ကာ....

"ကိုယ် တောင်းပန်ပါတယ်
ကိုယ့်အတွက်နဲ့ မင်းကို စိတ်ပင်ပန်းတာမျိုး မဖြစ်စေချင်တာပါ...."

ကိုကို့စကားကို ကြားတော့ ရိ​ပေါ့်ကိုယ်လေး လှဲရက်သားနဲ့ပဲ ကိုကို့ဘက်ကို လှည့်လာကာ ဘေးမှာနီးကပ်စွာ ထိုင်နေတဲ့ ကိုကို့ကို မော့ကြည့်ရင်း

"ကိုကိုတစ်ယောက်ထဲ ကျိတ်ပြီးခံစားနေရတယ်ဆိုတဲ့အသိက ကျတော်ကို ပိုပြီးပင်ပန်းစေတယ်ဆိုတာ ကိုကိုမသိဘူးလား....."

ရိပေါ့်ပါးပြင်ပေါ်က လတ်လတ်ဆတ်ဆတ်ရှိနေဆဲ မျက်ရည်စတွေကို ကိုကိုက သူ့လက်​ချောင်းလေးတွေနဲ့ တယုတယသုတ်ပေးပြီး ရိပေါ်ရဲ့ ဆံပင်လေးတွေကို ခပ်ဖွဖွလေး သပ်ပေးနေပြန်တယ်.....

"မင်းရဲ့ခံစားချက်တွေကို လျစ်လျူရှု သလိုဖြစ်သွားလို့ ကိုယ်ထပ်ပြီး တောင်းပန်ပါတယ်...."

"မတောင်းပန်နဲ့....
ကိုကိုဘာတွေခံစားနေရလဲဆိုတာပဲ ပြောပြ...."

ရင့်ကျက်တဲ့ပုံစံနဲ့အမြဲတမ်းလိုလိုနေတတ်တဲ့ ရိ​ပေါ်က ကိိုကို့အရှေ့ဆို ကလေးလေးတစ်ယောက်လိုလဲ သူလိုချင်တာ သူသိချင်တာကို မကွယ်ဝှက်တမ်း တောင်းတတ် မေးတတ်တာ.....

ကိုကိုက ခပ်လွင်လွင်ရယ်သံလေးအတူ ရိပေါ်သိချင်နေတာတွေကို ပြောပြဖို့ သဘောတူလိုက်သည်.... ။

ကိုကိုပြောတာတွေ နားထောင်ပြီး ကျတော် ဝမ်းနည်းသလို ဝမ်းသာသလို......
ကိုကိုသာ သူ့အကြောင်းတွေကို သတိရသွားရင် သူနဲ့ပတ်သတ်တဲ့လူတွေဆီ ပြန်သွားမှာမဟုတ်လား.... ကျတော် ကျန်ရစ်ခဲ့ရမှာသိနေတော့ ရင်ထဲမှာ ဝမ်းနည်းမိသလို.....
ကိုကို့ကို ဒီလိုဘဝမျိုးနဲ့ တသက်လုံးနေသွားရတာမျိုး မဖြစ်စေချင်တာလဲ ရင်ထဲက စိတ်ရင်းပါ....
ပိုကောင်းတဲ့ ဘဝကို ကိုကိုသွားဖို့အတွက်ဆို ကျတော် နေရစ်ခဲ့ရလဲ ကျေနပ်နိုင်ပါတယ်.....။

ကြယ်ကလေးရဲ့အားပေးဖော် [Complete]Where stories live. Discover now