Part 12

7K 694 15
                                    

Unicode

ကြယ်ကလေးရဲ့အားပေးဖော်
Part 12

စာချုပ်ချုပ်ရန် အဆင့်သင့်ပြင်ထားပြီး စောင့်နေစဥ် ဖုန်းဝင်လာတာမို့......

"ဟယ်လို.."

"ဟယ်လို...
အစ်ကိုလေး.....
မေမေကြီး မူးလဲလို့.......
အဲ့ဒါ အခု ဆေးရုံသွားနေတာ....
အစ်ကိုလေး မြန်မြန်လိုက်ခဲ့နော်....."
....
ဖုန်းချပြီးသည်နှင့် မေမေ့ဆီ သွားဖို့ ပြင်ရပြန်သည်......
အတွင်းရေးမှူးကို မင်းသားတို့လာရင် သေသေချာချာ တောင်းပန်ပြီး ဧည့်ဝတ်ကျေဖို့ အထပ်ထပ်မှာ​ရသေးတာ.....

မေမေ့ဆီကိုသွားဖို့ အလျင်လိုနေပါတယ်ဆိုမှ ဓာတ်လှေကားနှစ်ခုလုံးက မအား.....
နှစ်ခုလုံးကို ခလုတ်နှိပ်ပြီးသာ စောင့်နေလိုက်တယ်....
ရှောင်းကျန့်ရပ်စောင့်နေတဲ့ အရှေ့တည့်တည့်က ဓာတ်လှေကားတံခါးက ပွင့်မလာပဲ ဘေးဘက်တခုက တံခါးပွင့်လာတာမို့ ခပ်မြန်မြန်ပဲ ဝင်သွားလိုက်သည်......

"ရိပေါ်....
ဒီဘက်ကို သွားရမှာ...."

ဓာတ်လှေကားတံခါးပိတ်ခါနီး တဖက်ဆီမှ ကြားလိုက်ရသောအသံတခု.....
အော်.....သူတို့ရောက်လာကြပြီပဲ....
စိတ်ထဲက တိုးတိုးလေး ရေရွတ်လိုက်ကာ ဘေးနံရံကိုမှီရင်း လေပူတစ်ချက်မှုတ်ထုတ်ပစ်လိုက်သည်......။

ဆေးရုံရောက်​တော့ မေမေက ကုတင်ပေါ်ကနေ ပြုံးပြနေတယ်.....

"မေမေ.. သက်သာရဲ့လား...."

"သက်သာပါတယ်... 
သွေးနည်းနည်းတိုးပြီး မူးသွားတာ....
ဆရာဝန်က
ဒီဆေးပုလင်းကုန်ရင် ပြန်လို့ရပြီတဲ့"

ဟူး..... တော်ပါသေးရဲ့။

...........

ရှောင်းကျန့်အိမ်ပြန်ရောက်လို့ laptop ကိုဖွင့်ကာ mail တွေစစ်ကြည့်မိတော့...
အတွင်းရေးမှူးဆီကပို့ထားတဲ့ mail က ထိပ်ဆုံးက......
စာချုပ်ကိစ္စအဆင်ပြေတယ်ဆိုတဲ့အကြောင်းနဲ့ မင်းသားလေးက အပြင်မှာအရမ်းချောပြီး သဘောကောင်းတဲ့အကြောင်း၊ မင်းသားနဲ့ selfie တောင် ရိုက်လိုက်သေးတယ်ဆိုတဲ့အကြောင်း.....
သြော်......ငါ့အတွင်းရေးမှူက တော်တော်သွက်တာပါလား......။

ဘာရယ်မသိ စိတ်တွေက ကိုယ်တလကြာမျှနေခဲ့ဖူးတဲ့ ကိုယ့်စိတ်ကြိုက် ဒီဇိုင်းဆွဲဆောက်လုပ်ထားတဲ့ နှစ်ထပ်တိုက်အစိမ်းရောင်လေးဆီ ရောက်သွားမိတယ်......

ကြယ်ကလေးရဲ့အားပေးဖော် [Complete]Όπου ζουν οι ιστορίες. Ανακάλυψε τώρα