Part 8

6.9K 699 22
                                    

Unicode

ကြယ်ကလေးရဲ့ အားပေးဖော်
Part- 8

ကိုကိုပူဆာသမျှ အလိုလိုက်နေရတဲ့ ရိပေါ်ဘဝကလဲ လွယ်ကူမနေခဲ့ဘူး....
အခုလဲ သရဲကားကြည့်ချင်တယ်ဆိုလို့ မန်နေဂျာကို ခွေ ဝယ်ခိုင်းထားရတယ်.......

အိမ်ပြန်ရောက်တော့ ည ၁၁ နာရီ.....
ဆရာသမားက သူကြည့်ချင်တာ ကြည့်ရတော့မှာမို့ တက်တက်ကြွကြွ......

"ရိပေါ်....
ကိုယ့်ကို သရဲကားဖွင့်ပေးတော့လေ....."

"တော်... တိတ်....
ကြည့်ချင်ရင် ကိုယ့်ဖာသာကိုယ် ဖွင့်ကြည့်ပါလား....
ပြီးတော့ volume ကို 0 ထားပြီးတော့ ကြည့်နော်
အသံလုံးဝ မထွက်စေနဲ့...."

ဟုတ်တယ်.....
ခွေဝယ်ခိုင်းတုန်းကတောင် ခွေပေါ်က ကာဗာကြီးမြင်ရမှာကြောက်လို့ မန်နေဂျာကို ပါကင်သေချာထုပ်ခိုင်းခဲ့တာ....
ဒါကို ဒင်းက ဇာတ်ကားဖွင့်ခိုင်းတဲ့အထိ လူကို သွေးတိုးလာစမ်းနေသေးတာ....
ဘယ်ရမလဲ...
အပြတ်ငြင်းပစ်လိုက်တယ်လေ......

ရိပေါ် သရဲကြောက်တတ်မှန်းသိတော့ ကိုကိုက ပိုပြီး စ ချင်မိတယ်....

"အသံမပါပဲ ဘယ်လိုလုပ်ကြည့်လို့ကောင်းမှာလဲ
Feel ငုတ်တာပေါ့....."

"ဟမ်.... သရဲကားကြည့်ပြီး ကိုကိုက ဘာကို feelယူချင်သေးတာလဲ....
သရဲကားထဲမှာ ဖီးလ်စရာတွေရော ပါတာလား"

ခုတ်ရာတလွဲ ရှရာတခြားဖြစ်ကုန်လေပြီ.....
ရိပေါ်ဆိုသည်မှာလဲ
ညမိုးချုပ်လာလေ အတွေးတွေကို အမှောင်ချပစ်ဖို့ တွေးထားလေသလားပဲ....

"သရဲကားကြည့်တာ ကြောက်ချင်လို့ကြည့်တာလေ.... ဘာအသံမှ မကြားရတော့ ဘယ်လိုကြောက်ရမလဲ....
မင်း....! အတွေးတွေကို နှာခေါင်းပြေးကပ်ဖို့ပဲ စဥ်းစားမနေနဲ့....."

မျက်စောင်းထိုးရင်း ပြောနေတဲ့ ကိုကိုစကားတွေကြောင့် ရိပေါ် မျက်နှာကြီးနီရဲလာကာ ရှက်ရမ်းရမ်းပြီး....

"တော်ပြီ
ကိုကို့ဖာသာကိုကို ကြည့်ချင်ကြည့်တော့.....
အသံတော့ လုံးဝမထွက်စေနဲ့နော်...."

ပြောပြောဆိုဆိုနဲ့ ရေချိုးခန်းထဲဝင်သွားကာ တံခါးကို ဝုန်းခနဲ ဆောင့်ပြီးပိတ်ချသွားလေတယ်....

ကြယ်ကလေးရဲ့အားပေးဖော် [Complete]Where stories live. Discover now