Part 14

7.1K 689 29
                                    

Unicode

ကြယ်ကလေးရဲ့အားပေးဖော်
Part 14

တနင်္ဂနွေနေ့မို့ ရှောင်းကျန့်တစ်ယောက် ရိပေါ်နောက်ကို ကောက်ကောက်ပါအောင် လိုက်ရပြန်​လေပြီ.. .
နှစ်​ယောက်သား တပူးတွဲတွဲဆိုတော့ သတင်းတချို့က သို့လော သို့လော ထွက်နေတာ သိပေမယ့် ရိပေါ်ကတော့ ဂရုမစိုက်.....

ရိပေါ်အတွက် ရှောင်းကျန့်က သံလိုက်ဆွဲအားလို....
ရိပေါ်အတွက် ပျော်ရွှင်စရာဆိုတာ ရှောင်းကျန့်ရှိမှ ပြည့်စုံတာကို ရှောင်းကျန့်ကိုယ်တိုင်ကလဲ သိတာမို့ ဒီကလေးဆိုးသမျှ အပြစ်မမြင်ရှာ.....

ရှောင်းကျန့်ရှိမှ ပွင့်လန်းတတ်​တဲ့ ရိပေါ်အပြုံးတွေက ဒီနေ့တော့ နွမ်းနွမ်းလျလျ....
ရိပေါ်က သိပ်နေမကောင်းသလိုဖြစ်နေတာမို့ ရိုက်ကူးရေးနားတာနဲ့ ရှောင်းကျန့်ပခုံးပေါ် ခေါင်းတင်လို့ မှိန်းနေလေရဲ့.....
ညပိုင်း studio မှာ ရိုက်ကူးရေးသွားဖို့က ရှိသေးတာ......

"ရိပေါ်....
အရမ်းနေလို့မကောင်းရင် ဆေးခန်းသွားပြရအောင်လေ....."

ရှောင်းကျန့်စိတ်ပူစွာ ပြောလိုက်တာကို ခေါင်းငြိမ့်ရုံသာ ပြန်ဖြေနိုင်တဲ့ ရိပေါ်....
ဒီကလေးက တော်ရုံဆို ဒူပေဒဏ်ပေခံပြီးနေတတ်ပြီး အခုက တော်တော်နေမကောင်းဖြစ်နေတာမို့သာ မှိုင်နေတာကို ရှောင်းကျန့်သိသည်...
အဲဒါကြောင့်လဲ ပိုပြီးစိတ်ပူနေရတာ....

ဆေးခန်းကအပြန် ညပိုင်းရိုက်ကူးရေးပြီးမှသာ အိမ်ကိုပြန်လာခဲ့ကြသည်.....
ရိပေါ်ဆိုတာ သူ့အလုပ်နဲ့ပတ်သတ်ရင် ကျန်းမာရေးကိုတောင် ဒုတိယနေရာမှာ ထားတတ်သူ......

​ရိပေါ်က ရှောင်းကျန့်ကို အိမ်မပြန်ဖို့ တားတာကြောင့် ရှောင်းကျန့်လဲ မငြင်းသာ.....
နေမကောင်းတဲ့ရိပေါ်ကို တယောက်ထဲ ပစ်မထားရက်နိုင်.....

ရိပေါ် ရေချိုးခန်းထဲဝင်သွားတုန်း ကုတင်ပေါ်မှာထိုင်ကာ ဖုန်းခဏကြည့်နေခိုက် သူတို့နှစ်ယောက်ရဲ့ ပုံတွေက weibo မှာ ပျံ့နှံ့လျက်.....
ခေါင်းစဥ်အမျိုးမျိုးဖြင့်.......

#ဝမ်ရိပေါ်ကအမျိုးသားချင်းမေတ္တာမျှနေ...
ဆိုတဲ့ခေါင်းစဥ်က trending ဖြစ်လို့နေသဖြင့်
ရှောင်းကျန့် ခေါင်းကြီးသွားရသည်....... ဒီလိုတွေ ဖြစ်မှာစိုးလို့ ရှောင်းကျန့်ကိုယ်တိုင် သူ့ခံစားချက်တွေကို အမျိုးမျိုးချိုးနှိမ်ထားခဲ့တာ.....

ကြယ်ကလေးရဲ့အားပေးဖော် [Complete]Where stories live. Discover now