Part 15

7.6K 675 47
                                    

Unicode

ကြယ်က​လေးရဲ့အားပေးဖော်
Part 15

ဘယ်လိုသတ္တိတွေနဲ့များ မင်း ဒီလို ပြောရဲရတာလဲ ရိပေါ်ရယ်......
ဒီလမ်းက မင်းအတွက် ဘယ်လောက်ကြမ်းတမ်းမယ်ဆိုတာ မင်းအသိဆုံးဖြစ်မှာပါ.....
မင်းဘက်က အားလုံးကို ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်မှတော့ ကိုယ်ကလဲ​ မင်းဘေးကနေ အတူတူ တိုက်ပွဲဝင်ပေးရုံပဲ ရှိတော့တာပေါ့....

"အောဟော..... ဝမ်ရိပေါ် နေမကောင်းဖြစ်ပြီး ကယောင်ကတမ်းတွေ ပြောနေတာပါလား....
ပြစမ်း... စမ်းကြည့်ရအောင်.."

ဝမ်ရိပေါ် သူ့နှဖူးပေါ် ရောက်လာတဲ့ ရှောင်းကျန့်လက်ကို ဖယ်ထုတ်ကာ.....

"ဘာကို နေမကောင်းဖြစ်ရမှာလဲ
နေကောင်းတယ်... ကယောင်ကတမ်းပြောနေတာမဟုတ်ဘူး.....
တကယ် အတည်ပြောနေတာ.... "

"ဟမ်... ခုနကတော့ နေမကောင်းပါဘူးဆို....
အခုကျ နေကောင်းသွားပြီလား....
အမျိုးမျိုးပြောနေတာပဲ...
မင်း ငါ့ကိုချစ်တယ်ဆိုတာရော ငါဘယ်လိုယုံရမှာလဲ....."

"ကိုကိုယုံအောင် ကျတော် ဘယ်လို သက်သေပြရမလဲ...ပြော...
ကိုကို ကျတော့်အချစ်ကို ယုံလာဖို့ဆိုရင် ကျတော် ဘယ်လိုပဲသက်သေပြရ ပြရ ​ပြမယ်..."

ယုံပါတယ် ကလေးရယ်......ယုံလွန်းလို့ မင်းကို စိတ်ပူရလွန်းတဲ့အထိပါပဲ....

"စတာပါ​ဗျာ ယုံပါတယ် ယုံပါတယ်..."

"ယုံတယ်ဆိုရင် အဖြေပေးလေ...."

ဇွတ်!

"အားရိုး..... ချက်ချင်းအဖြေပြန်ပေးရင် စျေးကျတာပေါ့....."

"အဲ့ဒါဆို ဘယ်တော့ အဖြေပြန်ပေးမှာလဲ... "

ရိပေါ့် အမေးကြောင့် ရှောင်းကျန့် တွေဝေသွားကာ ခဏကြာစဥ်းစားပြီးတော့မှ...

"အင်း......
မင်းမွေးနေ့ ကြယ်တွေအတူကြည့်တဲ့အချိန်ပေါ့...."

"Yes!"

အချိန်တွေကို remote control နဲ့သာ ရစ်ပစ်လိုက်ချင်တယ် ကိုကိုရေ.......

ရိပေါ့်ရဲ့အပျော်လွန်နေမှုကြောင့် မျက်ဝန်းထဲက မျက်ရည်ဥလေးတွေခမျာ ဘယ်ချောင်ပြေးကပ်ရမှန်းမသိ လမ်းပျောက်ကုန်ရှာပြီ......

ကြယ်ကလေးရဲ့အားပေးဖော် [Complete]Where stories live. Discover now