‌part 1

148K 3.4K 283
                                    

[Unicode]

"သူ့ကိုလိုချင်တယ်"

"အဲ့ဒါကလူပါသခင်လေး ကစားစရာပစ္စည်းမဟုတ်ပါဘူး"

"ငါသိတယ် ဒါပေမယ့်ငါသူ့ကိုလိုချင်နေတုန်းပဲ"

"ဒါကမဖြစ်နိုင်ပါဘူး သခင်လေး"

"ငါလိုချင်တယ်လို့ပြောနေတယ်!!!!"

"ဟုတ်ကဲ့ သခင်လေးသဘောအတိုင်းဖြစ်စေရပါမယ်"

တစ်ခုခုကိုလိုချင်လို့ခလေးတစ်ယောက်လိုအော်ပြောနေတဲ့ကောင်လေးတစ်ယောက် သူ့ပုံစံအရကြည့်ရင်တော့ကောင်လေးကအသက်ဆယ့်ငါး ဆယ့်ခြောက်လောက်ရှိနေရောပေါ့ ဒါကိုမရှက်မကြောက်ခလေးတစ်ယောက်လို လိုချင်တာပူစာနေတယ်

"အဟွန်း"

"မင်းဘာတွေတွေးပြီးပြုံးနေတာလဲ"

ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပါဘဲပြုံးနေမိတာကိုဘေးကyubinမေးမှပဲသတိထားလိုက်မိသည်

"ငါပြုံးနေတာလား"

"အင်းလေ ဘာလဲမနေ့ညကကောင်မလေးတစ်ယောက်နဲ့အိပ်ခဲ့တာကိုသွားသတိရလို့လား"

ဒီကောင်လေးကတော့စကားပြောလိုက်ရင်တကယ့်အဆုံးထိကိုပြောချတတ်တာဘာအကျင့်လဲမသိဘူး

"မဟုတ်ဘူး ဒီတိုင်းဟိုကောင်လေးသူ့အဖေကိုပူစာနေတာကိုကြည့်ပြီးပြုံးလိုက်မိတာ"

ပြောရင်းခုနကကောင်လေးရှိရာကိုမေးဆတ်ပြလိုက်သည်

"အော် ငါကဘာများလဲလို့ ဒါနဲ့ကောင်လေးကတော်တော်ချောတာပဲနော်"

အချောဆိုရင်ယောကျာ်းမိန်းမမကျန်အကုန်လိုက်ငမ်းတတ်တဲ့သူ့သူငယ်ချင်းကို xiao zhan မနိုင်ဘူးဆိုတဲ့ပုံဖြင့်ခေါင်းခါလိုက်သည်

"ဘာလို့လဲ!မချောလို့လား"

"ချောတယ်ချောတယ် အလုပ်လုပ်တော့ခနနေဆိုင်မန်နေဂျာလာရင်ဆူခံထိမယ်"

Yubinကိုပြောပြီးဘာရယ်မဟုတ်ျက်လုံးကခုနကကောင်လေးဆီအကြည့်ပြန်ရောက်သွားသည်

"ဟင်!"

သူငါ့ကိုကြည့်နေတာလား ဘာလို့လဲငါသူ့ကိုရယ်တာသူတွေ့သွားလို့လား

psycho boy(YiZhan)Where stories live. Discover now