part 4

31.7K 2.8K 191
                                    

[Unicode]

မနေ့ညကအစောကြီးအိပ်ရာဝင်လိုက်တာအကျိုးဆက်အနေနဲ့မနက်တစ်နာရီမှာနိုးလာခဲ့သည် ကျွန်တော်ကြိုးစားပြီးဆက်အိပ်ကြည့်ပေမယ့်အိပ်မပျော်နေတော့

"ချီးပဲ"

ဒီလိုနဲ့မျက်စိကြောင်ရင်းသုံးနာရီထိုးသွားသည်

"အားယားဒီမျက်လုံးတွေကတော့....အိပ်ပါဟ"

အိပ်ပျော်ဖို့အရေးဟိုလိမ့်ဒီလိမ့်လုပ်နေရင်းအာခေါင်တွေခြောက်ပြီးရေတွေဆာလာသည်

"ရေဆင်းသောက်တာပဲကောင်းပါတယ်လေ"

အောက်ထပ်ကိုရေသောက်ဖို့ဆင်းလာရင်းည့်ခန်းထဲတစ်ယောက်ယောက်ရှိနေတာကိုမြင်တော့ XIAO ZHANဘာမှထပ်မတွေးနေပဲလှေကားနားကတံမြက်စည်းကိုယူကာည့်ခန်း

ထဲဝင်လိုက်သည်

"ဘယ်သူလဲ ဘာကိစ္စအဲ့မှာရှိနေတာလဲ"

သူမေးနေပေမယ့်တစ်ဖက်ကလူကဘာမှပြန်မဖြေ

"ဟေ့မေးနေတယ်လေ ဘယ်သူလဲလို့"

ပြန်မဖြေ

"မင်းဘယ်လိုသတ္တိနဲ့ဒီကိုဝင်လာတာလဲငါမသိပေမယ့်မင်းဒီအိမ်ကနေအမြန်ဆုံးထွက်သွားလိုက်ရင်ကောင်းမယ် အဲ့လိုမှမဟုတ်လို့ဒီအိမ်ကသခင်လေးသိသွားရင်မင်းကိုသတ်လိမ့်မယ် သူကသူပိုင်တဲ့ပစ္စည်းကိုထိရင်ကြိုက်တာမဟုတ်ဘူး"

"ဟက်"

"ဟင် မင်းဘာရီတာလဲ"

"မင်းဒီအိမ်ကိုရောက်တာနှစ်ရက်ပဲရှိသေးတယ်ဆိုပေမယ့်ကိုယ့်အကြောင်းကိုကောင်းကောင်းသိနေပြီပဲ

"ဟင်..သခင်လေးလား...သခင်လေးကဘာလို့ဒီမှာထိုင်နေတာလဲ အာ အပေါ်ပို့ပေးမယ့်သူမရှိလို့လား"

ကျွန်တော်မေးတော့သခင်လေးကရယ်သည်

"ဘာလို့ထပ်ရီပြန်တာလဲ"

"ဒီတိုင်းgeကချစ်ဖို့ကောင်းလို့"

ယောက်ကျာ်းလေးတစ်ယောက်ဆီကနေချစ်ဖို့ကောင်းတယ်ဆိုတာကြီးကိုကြားရတော့လူကမနေတတ် ဘယ်လိုfeelingကြီးရလို့ရနေမှန်းမသိတာ

"တောင်းပန်ပါတယ်"

"ရုတ်တရပ်ကြီးဘာလို့"

psycho boy(YiZhan)Where stories live. Discover now