part 3

34K 2.3K 191
                                    

[Unicode]

လူနှစ်ထဲရှိတဲ့အခန်းမှာစာသင်နေရတာမို့တော်သေးသည်ပဲဆိုရမလား တစ်ယောက်ကစားပွဲခုံပေါ်မမှောက်အိပ်ရုံတမယ် နောက်တစ်ယောက်ကတော့အိပ်ငိုက်နေတဲ့ကောင်လေးကိုပြုံးပြုံးကြီးထိုင်ကြည့်နေသည်

ငါအခုဘယ်သူ့ကိုစာသင်ပေးနေတာလဲ

Geကအိပ်ငိုက်နေတာတောင်ချစ်ဖို့ကောင်းတယ် ဘာလုပ်လုပ်ဒီလိုချစ်ဖို့ကောင်းနေတော့မှာလား

တော်သေးတယ်ဒီအခန်းထဲမှာကျွန်တော်တို့ နှစ်ယောက်ပဲရှိလို့ 10ယောက်လောက်သာရှိရင်geဖင်ထောင်ပြီးတော့တောင်အိပ်မလားပဲ

"အဟွန်း"

"wangသခင်‌လေးစာသင်တာကိုရပ်လိုက်ရမလား ဟိုကျောင်းသားလေးကအိပ်နေတော့လေ"

"ဆက်သင်ပါ ကျွန်တော်နားထောင်နေပါတယ်"

"ဟုတ်ကဲ့"

အတန်းချိန်တစ်ချိန်ပြီးတစ်ချိန်ပြီးသွားတယ် xiao zhanကအိပ်လို့ကောင်းနေတုန်း နေလည်စာစားချိန်ရောက်တော့မှာဖြစ်တာကြောင့်yibo xiao zhan ပုခုံးကိုလက်နဲ့အသာလှုပ်နိုးလိုက်သည်

"အဲ့လောက်ထိအိပ်နေရင်နေလည်စာလွတ်သွားလိမ့်မယ်geရဲ့ထတော့နော် နောက်ဆယ်မိနစ်နေရင်အတန်းဆင်းတော့မှာ"

ကျွန်တော်နိုးလိုက်တော့အိပ်ချင်မူးတူးနဲ့သန်းဝေကာထလာသည်

စာသင်ချိန်ပြီးလို့ထမင်းစားချိန်ရောက်တော့ သက်တော်စောင့်နှစ်ယောက်ကထမင်းစားဖို့လာပြင်ဆင်ပေးကြသည် သူဌေးသားပီပီလာချပေးသောဟင်းတွေကအမယ်စုံလို့နေသည်

စားကောင်းမယ့်ပုံပဲ အားယားငါလည်းဒီလိုသူဌေးသားလေးအနေနဲ့မွေးလာရင်ကောင်းမှာပဲ ဒါနဲ့ဟိုလူတွေကိုကန်တင်းဘယ်မှာရှိလဲမေးထားမှမဟုတ်ရင်နေ့လည်စာငတ်နေဦးမယ်

အစားအစာလာချပေးတဲ့လူနောက်လိုက်သွားဖို့ပြင်နေတဲ့xiao zhanကိုမြင်တာနဲ့ချက်ချင်းyiboက xiao zhanလက်ကိုလှမ်းဆွဲလိုက်သည်

"ဘယ်သွားမှာလဲ"

"ကျွန်တော်လည်းနေ့လည်စာသွားစားမလို့လေ"

psycho boy(YiZhan)Where stories live. Discover now