part 6

30K 2.2K 109
                                    

[Unicode]

Wang အိမ်တော်ကြီးမှာရှိတဲ့အစေခံလေးပုံသုံးမှာအိမ်ရှေ့မှာတန်းစီကာသခင်မကြီးကိုရပ်စောင့်နေကြသည်

ခြံထဲကိုတန်ဖိုးကြီးကားဝင်လာတော့အားလုံးကခေါင်းငုံ့ကာအရိုအသေပေးရသည် ထို့နောက်ကားပေါ်မှာဆင်းလာတဲ့အိမ်ကြီးရဲ့သခင်မ တစ်ဖက်မှာတော့ချောမောလှပတဲ့မိန်းခလေးတစ်ယောက်

"မင်္ဂလာပါမဒမ်wang မင်္ဂလာပါlinမိန်းခလေး"

"ကိုကိုရော"

"သခင်လေးအခန်းထဲမှာအနားယူနေပါတယ်"

"ဟွန့် သူများလာမယ်ပြောထားတာကိုထွက်မကြိုဘူး"

"သားကကျန်းမာရေးမကောင်းဘူး သူအနားယူဖို့လိုအပ်လို့အနားယူနေတာပါlinရှောင်းကျယ် မင်ူဘက်ကအဲ့ဒါကိုနားလည်ပေးနိုင်ရမှာပေါ့ မကြာခင်မင်းကသူ့ဇနီးဖြစ်လာတော့မယ်မဟုတ်လား"

"ဘယ်သူပြောလဲ သူကကျွန်တော့်ဇနီးလောင်းလို့"

"မင်းမကြားလိုက်ဘူးလား ငါအခုပဲပြောနေတာလေ"

"အာရီး ကိုကိုကဘယ်လိုလုပ်ပြီး"

ခြေထောက်ကိုလက်ညိုးထိုးပြီးမေးလိုက်တာကိုမားကမကြိုက်သည့်ပုံ ထိုကောင်မလေးကိုမျက်မှောင်ကြုတ်ကာစိုက်ကြည့်နေသည်

"မား မားရဲ့ချွေးမလေးက ကျွန်တော့်ကိုမနှစ်မြို့တဲ့ပုံပဲ"

ထိုသို့ပြောတော့သူမကအလန့်တကြားထငြင်းသည် ထို့နောက်မခုတ်တတ်တဲ့ကြောင်လိုမျက်နှာဘေးနဲ့ကျွန်တော့်ဆီပြေးလာသည်

"gegeဘယ်ကိုသွားမှာလဲ ကျွန်မလိုက်ပို့ပေးမယ်"

"မလိုဘူး တစ်ခုပဲမင်းအခုကိုင်ထားတဲ့ဝှီးချဲလက်ကိုင်ကိုလွတ်ပေးလိုက်ရင်ငါအရမ်းကျေးဇူးတင်မိမှာပဲ"

"ge ကျွန်မက..."

"ဦးလေးဝူဘာလုပ်နေတာလဲ ဝှီးချဲလာမတွန်းဘဲ"

"linရှောင်ကျယ်လက်ကိုလွတ်လိုက်ပါ"

"ဟင့်!"

နှုတ်ခမ်းကိုတစ်တောင်လောက်စူကာခြေစောင့်နေတဲ့သူမကကျွန်တော့်ကိုစိတ်ဆိုးနေသည်ပေါ့

psycho boy(YiZhan)Where stories live. Discover now