part 15(ENDING)

29K 1.6K 107
                                    

[Unicode]

"နင်နဲ့yiboနဲ့ကဘာတွေလဲ"

ရေသောက်နေတုန်းနောက်ကနေလာမေးတဲ့ Yin Yinကြောင့်xiao zhan ရေသောက်ရင်းခပ်ဆတ်ဆတ်ဖြေလိုက်သည်

"မင်းကဘယ်လိုထင်လို့လဲ"

"ဟက် ဆိုတော့နင်တို့ကဂေးတွေပေါ့"

"ကျစ်!"

Xiao zhanစိတ်ရှုပ်စွာဖြင့်ကျွတ်သတ်ပြီးထိုကောင်မလေးရှေ့မှထွက်သွားမယ်လုပ်တုန်းကောင်မလေးကသူ့လက်ကိုလာဆွဲသည် ထို့နောက်သူမပြောလိုက်သည်က

"အခုချိန်မှာသူနင့်ကိုချစ်နိုင်ဦးမှာလားငါသိချင်တယ်"

သူဘာကိုဆိုလိုချင်တာလဲဆိုတာကိုအသဲအသန်စဉ်းစားနေတုန်းရုတ်တရက်ကျွန်‌တော့်နှုတ်ခမ်းကိုထိကပ်လာတဲ့သူမရဲ့နှုတ်ခမ်းတစ်စုံ

အတော်ကြာတဲ့အထိကြောင်အန်းနေတုန်းလက်ခုတ်တီးသံကြားမှအသိပြန်ဝင်တော့သည် ထိုလက်ခုတ်သံပိုင်ရှင်ကတခြားသူဖြစ်ပါစေလို့ဆုတောင်းနေပေမယ့်သူ့ရဲ့ဆုတောင်းမပြည့်ခဲ့ ခက်ထန်နေတဲ့မျက်လုံးအစုံကြောင့် Xiao Zhan သူကိုဖက်တွယ်ထားတဲ့Yin Yinကိုတွန်းဖယ်လိုက်သည်

"တော်တော်မှပျော်ကြရဲ့လား"

"မင်း မင်းထင်နေသလိုမဟုတ်ဘူး သူက သူကအရင်လာနမ်းတာ"

"မင်းမွေးနေ့မှာငါ့ဆီကနေတောင်းမယ့်လက်ဆောင်ကသူများဖြစ်နေမလား Xiao Zhan"

မဟုတ်ပါဘူး မဟုတ်ရပါဘူး Yiboရယ် ငါချစ်တာ ငါချစ်တာမင်းတစ်ယောက်တည်းကိုပါပဲ

"မဟုတ်ပါဘူး သူကရုတ်တရက်ငါ့ကိုလာနမ်းတာငါဘာမှမသိဘူး
တကယ်ပြောနေတာပါ"

"ထားပါ အခုကိုယ် companyမှာအရေးကြီးကိစ္စရှိလို့သွားလိုက်ဦးမယ် ပြန်လာမှမင်းကိုယ့်အကြောင်းကောင်းကောင်းသိစေရမယ်"

"သခင်လေး....သခင်လေး!!"

သခင်လေးသူ့ကိုနည်းနည်းလေးတောင်ပြန်မကြည်ပဲထွက်သွားခဲ့ပြီ

ကျန်ခဲ့တဲ့xiao zhanရဲ့အတွေးထဲမှာတော့အတော်လေးကို ကမ္ဘာပျက်နေလေပြီ

သခင်လေး...သခင်လေးသူ့ကိုစိတ်ပျက်သွားပြီလား သခင်လေးသူ့ကိုမမြင်ချင်တော့ဘူးလား...သခင်လေးသူ....

psycho boy(YiZhan)Where stories live. Discover now