part 11

25.4K 1.6K 25
                                    

[Unicode]

"စားလေ"

ရှေ့ကထမင်းပန်းကန်တွေကိုအလှကြည့်နေတာလားအောင့်မေ့ရတယ်ဘာမှမစားဘဲတို့စိတို့စိလုပ်နေသည်

"ငါမစားချင်ဘူး"

"မနေ့ကလည်းမစားရဘူးမလား ဒီလိုနဲ့မင်းသူ့ဆီပြန်ရောက်သွားမယ် အဲ့လိုဖြသ်ချင်နေတာလား"

သူအဲ့လိုပြောလိုက်တော့သူ့ကိုလှမ်းကြည့်ပြီးစားပွဲပေါ်ကဇွန်းကိုလှမ်းယူလိုက်သည် ထို့နောက်ပေးထားတဲ့ထမင်းကိုအားပါးတရစားနေတော့သည်

"ထပ်ယူဦးမလား"

ထိုသို့မေးတော့ခေါင်းလေးကိုခါပြီးငြင်းသည်

"ဟေ့"

"အင် ဘာလိုချင်တာလဲပြောလေ"

"ငါသွားချင်တဲ့နေရာလေးရှိတယ်လိုက်ပို့ပေးပါလား"

"ကောင်းပြီလေ"

မနက်စာစားပြီးတာနဲ့သူသွားချင်တဲ့နေရာကိုလိုက်ပို့ပေးလိုက်သည်

"ဒီကျောင်းကိုဘာလို့လာချင်တာလဲ"

"တက်တော်ငါကဒီကနေကြီးလာတာ ဒီမှာရှိတဲ့ဘုန်းတော်ကြီးကငါ့ရဲ့တစ်ဦးတည်းသောအားကိုရာပဲအဲ့တာကြောင့်ဘုန်းတော်ကြီးကိုအကြောင်းစုံပြောပြပြီးလုပ်သင့်တာတွေလုပ်ရမယ်"

ထိုကောင်လေးပြောတာတွေက်ုနားထောင်ပြီး Zhuo Cheng ခပ်သဲ့သဲ့ရီလိုက်သည်

"မင်းရူးများရူးနေတာလား ငါ့သိထားတဲ့wang yiboကသူရချင်တာရှိရင်ဘာမဆိုလုပ်တတ်တဲ့သူမျိုးနော် မင်းကြောင့်အေးချမ်းနေတဲ့ဒီကျောင်းလေးကိုပြဿနာမဖြစ်စေချင်စမ်းပါနဲ့"

"ဒါဆို ငါဘာလုပ်ရမှာလဲ ငါသူ့ဆီမှာနောက်တစ်ခေါက်တော့အဖမ်းမခံနိုင်တော့ဘူး"

"ငါမင်းကိုကူညီပေးနိုင်တယ်"

ကျွန်တော်ပြောတော့သူကျွန်တော့်ကိုအားကိုးတကြီးမျက်လုံးတွေနဲ့မော့ကြည့်လာတယ် သို့ပေမယ့်ချက်ချင်းဆိုသလိုသူ့မျက်လုံးတွေကသံသယမျက်လုံးတွေအဖြစ်ပြောင်းလဲသွားသည်

"ဘာဖြစ်လို့လဲ ဘာဖြစ်လို့မင်းကငါ့ကိုကူညီချင်တာလဲ တကယ်ဆိုငါတို့ကသူစိမ်းတွေမလား"

psycho boy(YiZhan)Where stories live. Discover now