part 2

43.1K 2.4K 94
                                    

[Unicode]

အလုပ်စလုပ်ရမယ့်နေ့ဆိုတော့လူကအစောကြီးနိုးနေခဲ့သည် နာရီကိုကြည့်လိုက်တော့လေးနာရီပဲရှိသေးတာမို့အိပ်ရာထဲပြန်လဲနေလိုက်သည်

"နိုးစက်ပေးထားမှမတော်လို့ပြန်အိပ်ပျော်သွားရင်ချက်ချင်းအလုပ်ထုတ်ခံထိနေမယ်"

ငါးနာရီလောက်မှာနိုးစက်ပေးထားလိုက်သည် မနက်ခင်းပိုင်းမှာအေးကအေးဆိုတော့ဒီလိုစောင်ထဲမှာနေရတာကိုကဇိမ်ခံလို့အတော်ကိုကောင်းလွန်းသည်မလား

"အား နွေးနေတာပဲ"

ငါးနာရီထိုးတော့နာရီနိုးစက်ထမြည်လာတယ်

"အယ် ငါကမှိန်းနေရုံလေးရှိသေးတာကို မြန်လိုက်တဲ့အချိန်"

ဒီလိုနဲ့ကျွန်တော်လည်းမထချင်ထချင်နဲ့အိပ်ယာပေါ်မှထလာခဲ့တယ်အခုသူများအိမ်မှာအလုပ်လာလုပ်နေရတာဆိုတော့မထလို့လည်းမရ
ဒီလိုနဲ့မျက်နှာသစ်ကာ သခင်လေးဆိုသူရဲ့အခန်းဆီသို့

ခုချိန်သူအိပ်နေဦးမယ်ထင်တယ်

တံခါးကိုဖြည်းဖြည်းချင်းဖွင့်ကာအခန်းထဲကိုတိတ်တဆိတ်ဝင်လာခဲ့သည် ထို့နောက်ကြမ်းပြင်ပေါ်မှာပုံနေတဲ့အဝတ်အချို့ကိုယူကာကျွန်တော်ယူလာတဲ့ခြင်းထဲထည့်လိုက်သည် ထို့နောက်ထိုခြင်းကိုယူပြီးအပြင်ကိုပြန်ထွက်မယ်ဆိုပြီးနောက်ကိုအလှည့်ရုတ်တရက်ပေါ်လာတဲ့သခင်လေးကြောင့်လူကအတော်လန့်ပြီးနောက်ကိုဖင်ထိုင်ရက်လဲကျသွားရသည်

"နိုး...နိုးနေပြီလား တောင်းပန်ပါတယ် ကျွန်တော့်ကြောင့်နိုးသွားတာထင်တယ် ကျွန်တော်တကယ်တောင်းပန်ပါတယ်"

သေလိုက်တော့ xiao zhan ရေ မင်းအခုသေလိုက်တော့

"မဟုတ်ပါဘူး ငါအစောကြီးထဲကနိုးနေတာ မင်းလည်းရောက်လာပြီဆိုတော့ရေနွေးစပ်ပေးငါရေချိုးချင်တယ်"

"ဒါမဲ့ အစောကြီးရှိနေသေးတော့အရမ်းအေးမယ်ထင်....."

"ငါ ရေ ချိုး ချင် တယ်"

ဒီကောင်ကဘာလဲဟအကောင်းလိုက်ပြောပေးနေတာကိုသူ့စိတ်ချည်း အေချိုးချင်သပဆိုလည်းစပ်ပေးမယ် အအေးမိမိသွားရင်နတာ့ငါ့အဆိုးမဆိုနဲ့

psycho boy(YiZhan)Where stories live. Discover now