part 10

25.6K 1.7K 28
                                    

[Unicode]

ဒီနေတစ်နေ့လုံးcompanyပြဿနာကြောင့်တစ်နေ့လုံးမနားရတာမို့babyနားသွားပြီးအမောဖြေမယ်လုပ်တုန်း ကြားလိုက်ရတဲ့သတင်းကြောင့်ဒေါသကငယ်ထိပ်ထိပင်ဆောင့်တက်သွားရတယ်

"ပျောက်သွားတယ်"

အပြင်မှာရှိနေတဲ့အစောင့်လေးယောက်လုံးyiboရဲ့ဒေါသကိုသိတာကြောင့်ခေါင်းပင်မမော့ရဲ

"အော် ပျောက်သွားတာကို"

"သခင်လေး"

ဦးလေးဝူအသံကြောင့်yiboဦးလေးကိုမျက်နှာသေနဲ့လှည့်ကြည့်သည်

"တောင်းပန်ပါတယ်သခင်လေး ကျွန်တော့်ကြောင့်ပါ"

"နောက်ဆုံးတော့လည်း ဒါပဲမင်းတို့ပြောနိုင်ကြတာပဲ မင်းတို့တွေသူ့ကိုမြေအောက်ခန်းမှာသွားပို့ထား ငါပြန်လာရင်သူ့အပြစ်အတွက်ငါကြိုက်သလိုစီရင်မယ်"

"ဟုတ်ကဲ့"

ဒီလိုနဲ့သူတို့လည်းyiboအမိန့်ကြောင့်ဦးလေးဝူကို‌ေမြအောက်ခန်းထဲထည့်ထားလိုက်သည်

အလျော့ပေးထားတော့ရောင့်တက်သွားတယ်ထင်ပါရဲ့ အခုbabyလေးကကျွန်တော့်ဆီကနေထွက်ပြေးသွားပြီ ဒီလိုအဖြစ်တော့ဘူး နောက်တစ်ခါဆိုလှောင်အိမ်ထဲထည့်ထားမှပဲအဆင်ပြေတော့မယ်

"ဟေ့..ဒီမှာ..ဒီမှာ..ကောင်လေး"

ကျွန်တော်အဖိုးအိမ်သွားလည်ပြီးအပြန်လမ်းမှာကောင်လေးတစ်ယောက်လမ်းလျောက်နေတာတွေ့တော့ဟွန်းတီးကြည့်လိုက်တယ် ဟွန်းသံကြားတော့ထိုကောင်လေးလှည့်ကြည့်လာပေမယ့်ရုတ်တရပ် မြေပြင်ပေါ်လဲကျသွားတာမို့ကျွန်တော်လည်းကားပေါ်အမြန်ဆင်းပြီးထိုကောင်လေးကိုတွဲပြီးကားပေါ်ခေါ်လာခဲ့လိုက်သည် ထို့နောက်နီးစပ်ရာဆေးခန်းကိုပဲအမြန်မောင်းလာလိုက်ရသည်

ဆေးခန်းရောက်တော့ဆရာဝန်ကအားဆေးသွင်းပေးလိုက်ပြီး

"ပင်ပန်းလို့မေ့လဲသွားတာပါ အဲ့တာကြောင့်အားဆေးသွင်းထားပေးလိုက်ပါတယ် ခဏ‌နေရင်သူနိုးလာပါလိမ့်မယ်"

"ဟုတ်ကဲ့"

ဆရာဝန်ထွက်သွားတော့ကျွန်တော်လည်းခဏမှေးနေလိုက်တယ်

psycho boy(YiZhan)Where stories live. Discover now