part 9

26.1K 1.8K 40
                                    

[Unicode]

မနေ့ကလမ်းတော်တော်လျှောက်လိုက်လို့ထင်တယ် မနက်နိုးလာတော့အတော်လေးကိုညောင်းညာကိုက်ခဲနေသည်

"အင့်......"

Xiao zhan တစ်ယောက်ပျင်းကြောဆန့်ရင်းသန့်စင်ခန်းထဲဝင်လာခဲ့ရာမှန်ထဲမြင်လိုက်ရတဲ့သူ့ပုံရိပ်ကြောင့်သန်စင်ခန်းထဲဖင်ထိုင်ကျသွားရတဲ့အထိပင်

ဘာကြီးလဲ အဲ့တာကဘာတွေလဲ

ခုနကကသူလဲကျသွားတဲ့အသံကြောင့်yiboသန့်စင်ခန်းထဲပြေးလာခဲ့သည်

"ကိုကို ရရဲ့လား"

ထိုမေးခွန်းကိုမေးနေရင်းနဲ့ပင်xiao zhan ကိုပွေ့ချီလိုက်သည့်yibo

"ဘာတွေလဲ"

"ဟမ် ကိုကိုဘာပြောတာလဲ"

"ငါ့ကိုယ်ပေါ်ကအကွက်တွေကိုပြောတာ"

Xiao zhan ပြောတော့yiboခြေလှမ်းတွေရပ်သွားရသည်

"အာ မနေ့ကိုကိုအတိတ်မေ့နိုင်လောက်တဲ့အထိကျွန်တော်ကြမ်းသွားတာနေမယ် အဲ့တာဆိုကိုကိုပြန်မှတ်မိအောင်ကျွန်တော်အစအဆုံးပြန်ပြောပြပေးမယ်"

ထို့နောက်Xiao zhanကိုကုတင်ပေါ်အသာချပေးပြီးသူကိုယ်တိုင်လည်းxiao zhanဘေးဝင်ထိုင်လိုက်သည်

"မနေ့ညကကိုကိုကိုယ်တိုင်ပဲကျွန်တော့်ကိုတောင်းဆိုခဲ့တာလေကိုကိုနဲ့တူတူအိပ်ပေးဖို့ကို"

"ငါက..!??"

"အင်....."

"ပြီးတော့ကျွန်တော်ပေးတဲ့သာယာမှုအောက်မှာကိုကိုအရမ်းပျော်နေခဲ့တာလေ နောက်ပြီး....."

"တော်တော့ ဆက်မပြောနဲ့တော့ အဲ့တာငါမဟုတ်ဘူး"

"ဟင်...ကိုကိုဟာသတွေအရမ်းပြောတတ်တာပဲ ကိုကိုကကိုကိုမဟုတ်တော့ဘယ်သူဖြစ်ရမှာလဲ"

"မနေ့ကငါတို့ဘုန်းကြီးကျောင်းကိုသွားလည်ပြီးအရမ်းပင်ပန်းနေတာမို့ငါကအဲ့လိုတွေတောင်းဆိုနေမှာမဟုတ်ဘူး"

ထိုစကားကြောင့်yiboတစ်ယောက် xiao zhanကိုမျက်နှာသေဖြင့်စိုက်ကြည့်နေခဲ့သည် 

"ကိုကိုဘာတွေပြောနေတာလဲ အဲ့တာကလွန်ခဲ့တဲ့သုံးလကတည်းကသွားခဲ့တာလေ"

psycho boy(YiZhan)Where stories live. Discover now