2

9K 747 33
                                    

<Unicode>

ထမင်းဝိုင်းဟာဂျောင်ကုအတွက်တော့ရင်ခုန်သံစစ်ခင်းရာနေရာ
လူကြီးတွေထုံးစံအတိုင်းရှေးဟောင်းနှောင်းဖြစ်တွေပြောကာရီမောနေကြပေမဲ့
ဂျောင်ကုအဖို့တော့ရင်ခုန်ရင်းနဲ့သာထိုလူအားခိုးတကြည့်ကြည့်

"ဂျောင်ကုလေးကချစ်စရာလေးနော်"

"ဟုတ်ရဲ့လားဗျာ အဆိုးလေးပါ"

"ဒီလောက်စကားနည်းတဲ့ကလေးကို"

ထိုလူရဲ့မေမေကကျွန်တော့အားပြုံးကာကြည့်ရင်းချီးမွမ်းလာသည်
သုကိုကြည့်မိတော့ကိုယ့်ကိုပြုံးရင်းကြည့်လျက်
အားးးးး ရင်ခုန်လို့သေတော့မယ်

"သားငယ်"

"ဟုတ် ဗျာ မေမေ"

"စားမကောင်းလို့လား ထမင်းလဲမလျော့ဘူး နေမကောင်းဘူးလား မျက်နှာလဲနီလို့"

"မဟုတ်ပါဘူး ပူလို့ပါမေမေ ဟီး"

"အဲ့တာကိုဘာလို့လက်ရှည်ဝတ်ထားလဲ သွားလဲလိုက်ပါလား"

"ဟုတ် အဲ့တာဆိုသားသွားလဲလိုက်အုံးမယ်"

အိမ်ပေါ်ထပ်ကိုအမြန်သာပြေးတက်သွားမိသည် ကြာရင်ရူးမယ်

ဒေါက် ဒေါက်

"သားလော့မချထားဘူး မေမေ"

အနောက်ကိုလှည့်မကြည့် အင်္ကျီချွတ်ပီးအဝတ်ရှာနေရင်းအော်ပြောလိုက်သည်
အသံလဲထွက်မလာအရမ်းငြိမ်နေတာကြောင့်

"ဘာပြောမို့လဲ မေမေ  အမလေးးး!"'

"လန့်သွားတာလား ဆောရီးချာတိတ်"

အင်္ကျီမဝတ်ရသေးဘူးဆိုတဲ့အသိကြောင့်ရွေးမနေတော့ပဲ လက်လှမ်းမှီရာဆွဲဝတ်လိုက်သည်
မေမေမေးရင်ဖြေရကြပ်ပြန်အုံးမည်
ပူလို့ဆိုကာအဝတ်လဲတဲ့သူက ထပ်ပီးလက်ရှည်ပဲလားဆိုကာ

"ဘာလာလုပ်တာလဲ"

"မေမေတို့ကအောက်မှာစကားပြောနေကြတာ ပျင်းရင်ဂျောင်ကုလေးအခန်းထဲသွားဆိုလို့ တက်လာတာ"

"အော် အောက်ဆင်းမယ်လေ"

"ဒီမှာခဏလောက်နေလို့မရဘူးလား"

HYUNG (Completed)Where stories live. Discover now