7

7K 633 35
                                    

Uni

တောက်တစ်ချက်ခေါက်ကာ ဝုန်းကနဲနေအောင်ထပီး အိမ်သာဘက်ကိုထွက်သွားသောဟျောင်း
ဘာလုပ်ရမလဲ လိုက်သွားရမလား
ကြောက်တယ်
ဂျီမင်လဲရှိနေတယ် ဘာလုပ်ရမလဲ

"ထယ်ယောင်းဟျောင်းနောက်လိုက်သွားလေ"

"ဟင်?"

"စိတ်ဆိုးသွားပီမလား သွား မြန်မြန်လိုက်သွား"

"ဂျီမင် မင်းသိနေ,,"

"ဟုတ်တယ် သွား သွားချော့လိုက်"

"ကြောက်လို့"

"မင်းကိုတော့ကိုက်မစားပါဘူးကွာ"

"အဲ့တာဆို ခဏနော်"

"အင်း သွားသွား"

ဂျောင်ကုထသွားတော့မှ တင်းထားတဲ့စိတ်ကိုလျှော့လိုက်တော့ မျက်ရည်တွေကတပေါက်ပီးတပေါက်လိမ့်ဆင်းလာသည်
*ဟျောင်း~ ကျွန်တော်ချစ်နေတာကိုမသိဘူးလား*

"ထယ်ယောင်းဟျောင်း ဟျောင်း~~ ဟျောင်းရှိ အင့်! ဟျောင်း စိတ်မဆိုးပါနဲ့နော် ကျွန်တော်တောင်းပန်ပါတယ် အဲ့ကောင်အကြောင်းဟျောင်းကိူပြောပီးပီလေ ဟျောင်း! ငိုနေတယ် ဘာလို့လဲ မငိုပါနဲ့"

"ကိုယ်...
ကြောက်တယ်"

"ဘာကိုကြောက်တာလဲဟျောင်းရဲ့"

မျက်ရည်လေးတွေကိုဖယ်ရှားပေးကာမေးလိုက်တော့
ဖျော့တော့တဲ့မျက်ဝန်းတွေနဲ့ကြည့်လာတဲ့ဟျောင်း
အဲ့မျက်ဝန်းတွေမကြိုက်ဘူး ဟျောင်းပျော်နေတာပဲမြင်ချင်တာ

"ချာတိတ်ကိုဆုံးရှုံးမှာ"

"ဟာာ  ဟျောင်းကလဲ ကျွန်တော်ကဟျောင်းကိုပဲချစ်တာကို"

"တကယ်လို့များ..
အဲ့တစ်ယောက်ဆီပါသွားခဲ့ရင်"

"ဟျောင်းကကျွန်တော့ကိုမယုံဘူးလား"

"မဟုတ်ဘူးချာတိတ် ကိုယ်ယုံတယ်
ဒါပေမယ့်လေ အဲ့လိုအပြုအမူတွေမြင်ရင် ကိုယ့်ရင်တွေအရမ်းနာတာပဲ"

"ကျွန်တော်လေ အဲ့လိုထပ်မဖြစ်အောင်နေမယ်နော် အွန်ဝူးကိုလဲကျွန်တော်ပြောလိုက်မယ် ဒါကြောင့်လေ ဟျောင်းမငိူပါနဲ့ နော်~"

HYUNG (Completed)Where stories live. Discover now