10

5.9K 542 62
                                    

Unicode
------------

လေဆိပ်ကိုလိုက်ပို့တော့ ဂျောင်ကုမျက်နှာကမဲ့လို့နေသည်
ဂျီမင်ကတော့ဘာစကားမှသိပ်မပြောပါပဲ သူလဲမျပ်နှာမကောင်း

"အန်တီ ဦးလေး ကျန်းမာရေးဂရုစိုက်ပါနော်
ကုကီလေးကောပဲ"

"အေ့ကွယ် သားတို့လဲဂရုစိုက် ပြန်ရောက်ရင်လဲဖုန်းဆက်အုံး"

"ဟုတ် အန်တီ"

"သားငယ်"

"ဗျာ~"

"ကိုယ့်အကိုကိုနှုတ်ဆက်အုံးလေ"

"ဘာအကိုလဲ အမေကလဲ"

"အကိုမဟူတ်ဘူးဆို ဘာတုန်း"

"အကိုမဟုတ်ဘူးဆိုတာ တကယ့်အကိုမဟူတ်ဘူးလို့လေ ဟာ ဘာပဲဖြစ်ဖြစ် ဂရုစိုက် ဂျီမင်နီကောပဲ ပြန်ရောက်ရင်ငါ့ကိုဖုန်းဆက်နော်"

"အေ့ပါ ဂျောင်ကုရဲ့"

"ငါ့သူငယ်ချင်းလေး စိတ်ညစ်စရာရှိရင်ငါ့ကိုပြောနော် ပြန်လာရင်လဲလက်ဆောင်ဝယ်ခဲ့မယ် ပျော်ပျော်နေရမယ်နော်"

"အင်းပါ ငါ့အဖေကျနေတာပဲ"

"ငါကစိတ်ပူလို့ကို"

"မပူနဲ့ ငါပျော်ပျော်နေမယ် ဘာမှလဲစိတ်မညစ်ဘူး ဟုတ်ပီလား"

"အင်းအင်း လာ ဖက်ရအောင် အားးဂူးး ပြန်လာရင်လျှောက်လည်ကြရအောင်နော်"

"အင်းးး"

"ဟျောင်းနဲ့ရော မဖက်ဘူးလား"

"ဘာလို့ဖက်ရမှာလဲ"

"နှုတ်ဆက် ဖက်တာပေါ့"

"လေယာဥ်ချိန်နီးနေပီ တာ့တာ ဂျီမင်နီ"

"အင်းး သွားတော့မယ် ဂျောင်ကုကီ အန်တီ ဦးလေး သွားတော့မယ်"

"အေအေ"

"တာ့တာ ငယ်လေး"
ပါးစပ်လှုပ်ရုံပြောပီးနှုတ်ဆက်သွားသော ကိုကို့ကြောင့် မေမေနဲ့ဖေဖေ့နောက်ကနေ လက်သီးထောင်ပြလိုက်သည်
အားးးး လွမ်းလာပီ!!!

"ပြန်ရအောင် သားငယ်"

"ဟုန့်!"

ဒီလိုနဲ့ ၁လကို အလွမ်းတွေတပွေ့တပိူက်နှင့်ဖြတ်သန်းလိုက်ရသည်
ကိုကိုကလဲ ကုမ္ပဏီအလုပ်တွေကိုဦးစီးနေသည်မို့ နားချိန်၌သာစကားပြောရသည်
အချိန်ကွာခြားမှုကလဲ တစ်ဒုက္ခ

HYUNG (Completed)Where stories live. Discover now