12

5.9K 529 31
                                    

Unicode
------------

ထယ်ယောင်းတစ်ယောက် ယောက္ခမကြီးဖုန်းဆက်လာတာကြောင့် အစည်းအဝေးခန်းထဲကနေ ခဏဟုခွင့်တောင်းရင်းဖုန်းကိုင်လ်ိုက်လေတော့
ငယ်ငိုနေကြောင်းပြောလာသည်
ခုလေးတင်ဖုန်းပြောပီးလို့ချလိုက်တာပါ
ငယ်ကဘာလို့ငိုရတာလဲ

အစည်းအဝေးကလဲမပီးသေးတော့ ပီးမှပဲမေးလိုက်မည်ဟုပြောကာ အစည်းအဝေးဆက်လုပ်ရသည်
စိတ်ကငယ့်ဆီသာရောက်နေသည်မို့ ဘာတွေပြောနေကြလဲသူမသိတော့

ဂျောင်ကုလဲ စိတ်ထဲတွင်လုံးဝအခြေအနေမကောင်းတာကြောင့် ပီဇာလဲဆက်မစားဖြစ်ပဲ
အခန်းထဲတွင်လှဲနေလိုက်သည်
စိတ်တွေရှုပ်နေတာကြောင့် ဖုန်းကိုsilentလုပ်ကာ
အတွေးတွေဖြန့်ကျက်နေလေသည်

အဲ့အမက ရုပ်လဲချောသလို ပညာအရည်အချင်းကလဲတော်နေမှာ ဒါကြောင့်လဲကိုကို့ကုမ္ပဏီမှာလုပ်နိုင်တာပေါ့
ကိုကိုသာအနေနီးရင်း အဲ့အမကိုချစ်သွားခဲ့ရင်
ကိုကို့ကိုယုံကြည်သင့်ပေမယ့် အဘက်ဘက်ကတွေးလိုက်ရင် ကျွန်တော်ကယောက်ျားလေးမဟုတ်ပါလား ကျွန်တော့နဲ့အဲ့အမဆို အဲ့အမကပိုသာတာပေါ့
တွေးရင်း တွေးရင်း ထပ်ပီးမျက်ရည်တွေကမဖိတ်ခေါ်ပဲရောက်လာပြန်သည်
ကိုကိုထားမသွားဖို့ပဲမျှော်လင့်ပါတယ်

အငိုလွန်ပီးအိပ်ပျော်သွားလေသည်
silentလုပ်ထားသောဖုန်းလေးကတော့
ခဏခဏကိုမီးတွေလင်းနေတော့သည်

ထယ်ယောင်းမှာ အစည်းအဝေးပီးသည်အထိမအား အလုပ်အကြောင်းတွေကို ရှယ်ယာရှင်တွေနှင့်ဆွေးနွေးနေရသေးသည်
ဒီနေ့မှအလုပ်တွေကပုံလို့နေသည်
အစည်းအဝေးကစောပီးသွားပေမယ့် အချိန်က၇နာရီရှိနေပီ
ဆွေးနွေးနေတာကမပီးသေးတော့ ရတဲ့အချိန်လေးမှာဖုန်းတွေခေါ်နေပေမယ့် ကလေးငယ်ကမကိုင်
ရင်တွေပူလှပါပီ ဘာတွေများဖြစ်နေတုန်းကွာ

အလုပ်တွေလက်စသတ်တော့ ည၉နာရီခွဲခါနီး
အဲ့ဒါနဲ့ယွန်းဂျီကိုလဲ တစ်ယောက်ထဲပြန်ခိုင်းရမှာအားနာတာကြောင့်လိုက်ပို့ရန်ခေါ်လာလိုက်သည်
တလမ်းလုံးဖုန်းတွေခေါ်နေခဲ့တာ မကိုင်
ယွန်းဂျီအိမ်နားရောက်ခါနီးမှ

HYUNG (Completed)Donde viven las historias. Descúbrelo ahora