5

7.5K 673 24
                                    

<<Unicode>>

၂နှစ်
အချိန်တွေဒီလောက်တောင်ကြာမြင့်ခဲ့ပီ
ဒီနေ့ကကျွန်တော့အသက်၁၈နှစ်ပြည့်မွေးနေ့

LAကိုရောက်ထဲက ကိုးရီးယားကိုလုံးဝအခြေမချဖြစ် ဂျီမင်နဲ့တော့အဆက်အသွယ်မပြတ်ပါဘူး
ဒီနောက်ပိုင်းတော့သိပ်မပြောဖြစ် ဘာလို့လဲ?
အကြောင်းအရင်းကတော့ဟိုလူကြီးကြောင့်ပဲ

ဂျီမင်နဲ့Vcပြောချိန်ဆိုသူကပါလာပီ အမြဲတမ်းအတူရှိနေကြတယ်လို့တောင်ထင်ရတယ်
လျှောက်လည်ကြတဲ့ပုံတွေကလဲပလူကိုပျံနေတာပဲ
ကျွန်တော်ရပ်တန့်နိုင်မယ်ထင်ခဲ့တာ အဝေးရောက်ရင်မေ့သွားမယ်ထင်ခဲ့တာ

မရပ်တန့်နိုင်ခဲ့ဘူး လွမ်းတယ် သတိရတယ်
ကျွန်တော့အပေါ်ဂရုမစိုက်ပေမယ့် ကျွန်တော့အပေါ်အာရုံစိုက်မှုမရှိပေမယ့် ကျွန်တော်လွမ်းတယ်
အချိန်တိုင်း ဒီနေ့လိုဆိုပိုသတိရတယ် ဘာကြောင့်လဲဆိုဒီနေ့မှာစတွေ့ခဲ့တာမဟုတ်ပါလား

"သားရေ! အောက်ဆင်းလာတော့"

"ဟုတ် မေမေ လာပီ!"

"မွေးနေ့ရှင်ကြီးကပဲများနေတာလား ကြာ လိုက်တာ"

"မဟုတ်ပါဘုး မေမေကလဲ"

"ရော့ ဒါသားအတွက်"

"black card? ဖေဖေကလဲ သားအတွက်မလိုပါဘုးဆို ဖေဖေပေးတဲ့မုန့်ဖိုးတွေကလောက်လို့ပိုလျှံနေပီ"

"ယူထားပါ"

"ဟုတ်ကျေးဇူးပါဖေဖေ"

"ဒါက အမေ့သားလေးအတွက်လက်ဆောင်ပါ"

"wow!! winter bear! လှလိုက်တာမေမေရာ"

"သားအတွက်စပရိုက်ရှိသေးတယ်"

"ဟင် ဘာများလဲ"

ရုတ်တရက်မီးတွေပိတ်သွားပီး အနောက်ကနေခါးကိုလာဖက်သောလက်တစ်စုံ

"မေမေ ဘာစပရိုက်လဲ"

1 2 3 !

"ကုကီ!!"

မီးပြန်ဖွင့်လာခြင်းနှင့်အတူ တွေ့လိုက်ရသည်ကဂျီမင်
တစ်ဆက်တည်း လူကြီးကိုပါတွေ့လိုက်ရသည်

"ဂျီမင် ဘယ်လိုဖြစ်ပီး?"

"အဆက်အသွယ်ဖြတ်ထားတော့မနေနိုင်တဲ့သူကလာရတာပေါ့"

HYUNG (Completed)Where stories live. Discover now