11

5.8K 537 82
                                    

Unicode
------------

ဘာလိုလိုနဲ့ အချိန်တွေကုန်ဆုံးလာလိုက်တာ
အမိမြေကိုပြန်ဖို့ တစ်ပတ်သာလိုတော့သည်
ဘွဲ့လက်မှတ်သာယူပီးရင်ပြန်လို့ရပီမို့ စောရင်လဲစောနိုင်သည်
ပြန်ချင်လှပီဗျ ကင်မ်ထယ်ယောင်းကြီးကိုလွမ်းနေပီ

ဟိုတစ်ပတ်ကVcပြောနေရင်း
ကိုကိုက companyမှာ
အတွင်းရေးမှူးဆိုသော အမချောချောအားတွေ့လိုက်ရသည် စိတ်မချတော့ဘူး
အဲ့အမအသံကအစနှစ်လိုဖွယ်ကောင်းနေတယ်
အဲ့အမနာမည်က ယွန်းဂျီဆိုလား
ကိုကိုသာ အဲ့အမကို..
အာမဟုတ်တာ  ဘာတွေလျှောက်တွေးနေတာလဲ
ကိုကိုကငါ့ကိုဒီလောက်ချစ်တာ

"သားငယ်ရေ"

"ဗျာ"

"လာပါအုံး အောက်ကို!"

"ဟုတ်
ဘာဖြစ်လို့လဲမေမေ"

"အမေ သားအဖေဆီလိုက်သွားမို့
ဒီမှာဖိုင်ကျန်ခဲ့လို့တဲ့ အဲ့တာအမေသွားပေးလိုက်အုံးမယ် ဗိုက်ဆာရင်လဲခူးစားနော် မေမေအကုန်ပြင်ထားတယ်"

"ဟုတ်မေမေ အပြန်ကျပီဇာလေးဝယ်ခဲ့ပေးနော်"

"အင်းအင်း မေမေသွားပီနော်
သိပ်တော့မကြာပါဘူး"

"ဟုတ်ဟုတ်"

မေမေလဲသွားရော တံခါးပိတ်ဖို့လုပ်ခါနီး

"ဂျောင်ကုကီ!"

"ဟင်
အော် အွန်ဝူး"

"မတွေ့ရတာကြာပီနော်"

"အေ အေး"

"ငါ့ကိုအထဲပေးမဝင်တော့ဘူးလား"

ငြင်းလို့လဲမရ ပထုတ်ဖို့လဲမဖြစ်နိူင်
ထိပ်တိုက်ကြီးတွေ့နေပီကိုး
ဒါနဲ့ပေးဝင်လိုက်ပီး ခြံထဲမှာ ကျွန်းသားနှင့်စားပွဲနဲ့ခုံလုပ်ထားတာလဲရှိတာကြောင့်အဲ့မှာသာထိုင်လိုက်သည်
အိမ်ထဲတော့ခေါ်မနေတော့ပါဘူး

"မင်းပြန်တော့မှာမလား"

"အင်းဟုတ်တယ်"

"ငါမင်းကိုတောင်းပန်ချင်လို့ပါ
နောက်ပီးပြောစရာလဲရှိတယ်"

"အင်း"

"ငါတောင်းပန်ပါတယ် အရင်ကငါ့အပြုအမူတွေကို
အဲ့လိုမျိုးတွေလုပ်ရတယ်ဆိုတာကလဲ
ငါ....


မင်းကို ချစ်လို့ပါ"

HYUNG (Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα