13 end

12K 588 31
                                    

Unicode
------------

ထယ်ယောင်းလဲ ဂျောင်ကုနှင့်သူအတူပြန်ရန်နေနေလိုက်တော့သည်
သဘက်ခါဆိုဘွဲ့ယူရမဲ့နေ့ဖြစ်တာကြောင့်
တစ်ခါထဲအတူတူပြန်ရန်စီစဥ်ထားခြင်း...

တကယ်တမ်းကျွန်တော့အစီအစဥ်တွေက
ငယ်က ဘွဲ့ယူပီးပြန်လာတဲ့အချိန်ကျ
နှစ်ဖက်မိဘတွေက အစထဲကသိထားတာဖြစ်ကြောင်း
သဘောတူထားတာလဲကြာပီဆိုတာကိုပြောပြမယ်
ငယ်နဲ့သူနေဖို့ဝယ်ထားတဲ့အိမ်ခေါ်သွားမယ်
တစ်ရက်လောက်နားခိုင်းပီးရင် လက်ထပ်ဖို့အတွက်
လက်စွပ် အင်္ကျီ ဖိတ်စာ အကုန်လုပ်ကြမယ်ပေါ့

အခုတော့ ကလေးပေါက်ကအထင်တွေလွဲငိုယိုနေတာကြောင့် သူ့မှာLAသို့ရောက်ချလာရသည်
အစီအစဥ်တွေကလွဲပီး ၂ဖက်မိဘအကြောင်းပြောပြလိုက်ရသည်
ဒါပေမယ့် အိမ်အကြောင်း မင်္ဂလာဆောင်အကြောင်းတော့မပြောပြထား
surpriseလုပ်ရမယ်လေ

"ကိုကို"

"ဗျ"

"ဘွဲ့ယူမဲ့နေ့ ကိုကိုရှိတော့အရမ်းပျော်တာပဲ ဟီးး"

"ကိုကိုက ပုံလှလှလေးတွေအများကြီးရိုက်ပေးမယ်"

"ဟုတ်ကိုကို"

****

ဘွဲ့ယူရမယ့်နေ့
ဘွဲ့ဝတ်စုံလေးနဲ့တောင် ကြည့်ကောင်းနေသောကလေးငယ်
ပြုံးပျော်နေတာများ ကလေးလေးသဖွယ်
ကင်မရာတစ်လုံးနှင့်အလုပ်ရှုပ်နေသော CEO Kim
ချစ်ရသူ၏ ပုံရိပ်တစ်ခုခြင်းဆီကိုမှတ်တမ်းတင်နေလေရဲ့
ကင်မရာချိန်ထားရင်း မြင်ကွင်းထဲဝင်လာတာကအွန်ဝူး
ချက်ချင်းပဲ ကလေးအနားကိုသွားလိုက်သည်

"ဂုဏ်ယူပါတယ်နော် ဂျောင်ကုကီ"

"အင်း မင်းရောပဲ"

"အော်! ထယ်ယောင်းဟျောင်း ရောက်နေတာလား"

"အင်း"

"အရင်ကဖြစ်ခဲ့သမျှတွေအတွက်လဲ ဟျောင်းကိုတောင်းပန်ပါတယ်နော်"

"ရပါတယ်"

"ဟို... ကျွန်တော်နဲ့ဂျောင်ကုကီကို ဓာတ်ပုံတစ်ပုံလောက်ရိုက်ပေးပါလား အမှတ်တရပေါ့"

"အမ် အင်းအင်း"
မရိုက်ပေးချင်ပေမယ့်လဲပေါ့နော်
ကလေးငယ်ကပါရိုက်ပေးဖို့ပြောလာတာမို့ ရိုက်ပေးလိုက်ရသည်
အွန်ဝူးကိုနှုတ်ဆက်ပီး
မိသားစုဓာတ်ပုံလေးလဲရိုက်
ကျွန်တော်နဲ့ငယ်လဲတူတူတွဲရိုက်ရင်း ဘွဲ့ယူခြင်းအခမ်းအနားပြီးသွားလေသည်

HYUNG (Completed)Where stories live. Discover now