6

7.6K 632 36
                                    

<<Uni>>

"ချာတိတ်ကဘာကိုသ်ိ"

"ဘာမှဟုတ်ပါဘူး"

"ပြောလေကွာ ခုနကကျတော့ အဲ့လိုလုပ်ရင်မုန်းတယ်ဆို"

"အဲ့တာသူများလုပ်ရင်ပြောတာ"

"ဖြေပါ ချာတိတ်ကဘာကိုသိတာလဲ ကိုယ်ချစ်နေတဲ့သူ?"

"အင်းး"

"ဘယ်လိုသိတာလဲ"

"ဒီလောက်သိသာနေတာကို"

"ဟမ်!"

"ဂျီမင်ကိုလေ"

"ဟားဟား"

ရုတ်တရက်ကြီးထရီလာပါသောလူကြီးကြောင့်ကျွန်တော့မှာဘာလုပ်ရမှန်းမသိ
ဘာတွေသဘောကျပြီးရီနေပါလိမ့်

"ဘာလို့ရီနေတာလဲ"

"အရူးလေးကဟာသတွေပြောနေတာကိုး"

"ဘာက်ိုလဲ မဟုတ်လို့လား ခင်ဗျားကဂျီမင်ကိုဂရုစိုက်တယ် ဂျီမင်နဲ့ဆိုအမြဲပျော်နေတယ် ဂျီမင်ကချစ်စရာကောင်းတယ်လို့လဲပြောတယ် ဂျီမင်နဲ့ပဲအမြဲအချိန်ကုန်တယ် နောက်ပီးးး ဟုတ်တယ်မလားကြိုက်နေတာဂျီမင်ကို"

"ကိုယ့်ပုံကအဲ့လိုထင်ရတာလား"

"အဲ့လိုထင်ရတာမဟုတ်ဘူးအဲ့လိုဖြစ်နေတာ"

"ဆင်ခြင်မှဖြစ်တော့မှာပဲ"

"ဘာကိုလဲ"

"ကိုယ့်ကောင်လေးအထင်မလွဲအောင်ပေါ့"

ဒီလူကြီးကဂျီမင်ကိုမဟုတ်ပဲဘယ်သုကိုကြိုက်နေတာလဲ
သုကောင်လေးကဘယ်သူလဲ

"ဟောဒီကချာတိတ်လေး"

"ဗျာ!?"

"ဟုတ်တယ် ကိုယ်ချစ်တာချာတိတ်ကို"

"မဖြစ်နိုင်တာ"

"ဘာလို့မဖြစ်နိုင်တာလဲ"

"ကျွန်တော်ပြောခဲ့တယ်လေ ခင်ဗျားဂရုစိုက်တာ ခင်ဗျားပျော်ရွှင်တာ ခင်ဗျားတူတူလျှောက်လည်တာ ခင်ဗျားချစ်စရာကောင်းတယ်မြင်တာ အွတ်💋"

"စကားများလိုက်တာကွာ အဲ့တာတွေကကိုယ်ကဂျီမင်ကိုချစ်လို့"

"ခင်ဗျား!"

"နားထောင်ပါအုံး ညီလေးတစ်ယောက်လိုပါ ကိုယ့်မှာညီလေးတစ်ယောက်ရှိဖူးတယ် ဂျီမင်လေးလိုပဲပါးဖောင်းဖောင်းလေး မျက်လုံးမှေးမှေးလေး အခုသူကမရှိတော့ဘူး"

HYUNG (Completed)Where stories live. Discover now