Part 2

12.1K 734 2
                                    

Unicode:

"တိတိလေး ဘာလို့အပြင်ထွက်စောင့်နေတာလဲ'

"ကိုကိုမှ အချိန်မှန်အိမ်ပြန်မလာတာ'

"အော်ကိုကိုက ဒီနေ့ သူငယ်ချင်းတွေနဲ့ Projectတစ်ခုရှိလို့ အတူလုပ်နေရင်းနောက်ကျမှန်းမသိ နောက်ကျသွားတာ'

"😒 ဟုတ်လို့လား'

"ဟုတ်ပါတယ် တိတိလေးရဲ့ ကိုကိုဘယ်တုန်းကလိမ်ပြောဖူးလို့လဲ'

"ပြီးရော တိတိလေးကို စာအခုလာကူလုပ်ပေး အိမ်ကနေမြန်မြန်ပြန်ထွက်လာခဲ့ နောက်ကျတဲ့အနေနဲ့ တစ်ညလုံးတိတိလေးကို စာပြပေးရမယ်'

"ဟုတ်ပါပြီဗျာ မာမားကိုပြောပြီးတာနဲ့တန်းထွက်လာပါ့မယ်ဟုတ်ပြီလား'

"အွန်း'

ရှောင်းကျန့်အမြန်ပင် ထွက်လာခဲ့လိုက်သည် မဟုတ်ရင်တိတိလေးက ရစ်လို့ပြီးမှာမဟုတ်တော့

"တိတိလေးရေ ကိုကိုလာပြီ'

ရှောင်းကျန့်နှင့်ဝမ်ရိပေါ်တို့အိမ်ကြားတွင် ဖြတ်ကူးရအောင် တံခါးလေးတစ်ခုဖွင့်ထားသည် အိမ်ရှေ့တံခါးမှဝင်စရာမလိုဘဲ ထိုတံခါးလေးဖွင့်ဝင်ယုံပင်

တိတိလေးက သူ့မိဘတွေကိုပူဆာကာ အချိန်မှန်သွားရလွယ်အောင်လုပ်ခိုင်းထားသည် ရှောင်းကျန့်မာမားကလည်း သဘောတူသည် အခုဆိုမိသားစုနှစ်ခုက ကလေးတွေကြောင့်နှစ်အိမ့်တစ်အိမ်ဖြစ်နေတော့သည်

"ကိုကို တိတိထမင်းမစားရသေးဘူး မြနိမြန်လာဗိုက်ဆာနေပါပြီဆို'

"မာမားရေ ထမင်းခူးပေးတော့ ကိုကိုရောက်ပြီ'

"လာပါပြီရှင် လာပါပြီ သူ့အကိုလာမှဘဲထမင်းစားတော့တယ် တော်တော်ချစ်နေတယ်ဟုတ်လား'

"ချစ်တယ် 😁'

"အေးပါအေ ချစ်ပါချစ်ပါ ရန်ဖြစ်နေတာသာမတွေ့ချင်တာပါ တည့်တည့်ရှိရှိနေကြ'

"ဟုတ်' နှစ်ယောက်လုံးပြိုင်တူဖြေကြသည်

"ကျေးဇူးပါအန်တီ သားစားပြီးရင်သိမ်းလိုက်ပြီး တိတိလေးကိုစာလုပ်ပေးမှာမို့ ပင်ပန်းရင်အနားယူနော်'

Love me more than you can say (Completed) Unicode+ZawgyiWhere stories live. Discover now