Part 13

8.1K 452 1
                                    

Unicode:

"ကိုကို မထသေးဘူးလား လေယာဥ်ချိန်နောက်ကျတော့မှာပဲ'

"ဘယ်နှနာရီထိုးပြီလဲ တိတိလေး'
ရှောင်းကျန့်အိပ်ချင်မူးတူးနှင့်မေးလိုက်သည်

"ကိုးနာရီ'

"ဘာ' ရှောင်းကျန့်ချက်ခြင်းဖုန်းကနာရီကို ယူကြည့်လိုက်တော့
ဟူး တော်ပါသေးရဲ့

"Hoon ခုနှစ်နာရီပဲရှိသေးတာကို'

"လေယာဥ်ချိန်က ကိုးနာရီလေကိုကို ကားပိတ်မယ့်အချိန်ရယ် ကိုကိုပြင်ဆင်ရမယ့်အချိန်ရယ်ရှိသေးတယ်လေ'

"ဘာလဲ ကိုကို့ကို မြန်မြန်ပြန်စေချင်နေတာလား'

"ကိုကိုရာ ကျစ်'

"တိတိ ဘာလဲကိုကို့ကို စိတ်မရှည်ဖြစ်နေတာလား အသံကိုချက်ခြင်းပြင် ကိုကိုက တိတိလေးကိုချစ်လွန်းလို့ ဒီထိလိုက်လာတဲ့သူနော်'

"ကိုကိုရာ တိတိလေးသိပါတယ် ကိုကိုအရမ်းချစ်မှန်းလည်းသိတယ် ကိုကိုအခုလိုရစ်နေတာ အိပ်ရေးမဝလို့ဆိုတာလည်းသိတယ် ဒါပေမဲ့ တိတိလေးကလည်း ကိုကို့ကို နောက်ကျမှာစိတ်ပူလို့လေ တိတိလေးစိတ်တွေကို ကိုကို့အတွက်မို့ မနည်းဆွဲဆန့်ထားရတာရောသိရဲ့လား'

ရှောင်းကျန့်ဘာမှမပြော ဆူပုတ်ကာနေနေသည်

ဝမ်ရိပေါ် ထော်နေတဲ့နှုတ်ခမ်းလေးကို မနမ်းဘဲမနေနိုင်တော့ မနက်စောစောစီးစီး သမာဓိအားကိုလာစမ်းနေတယ်

"မွ စိတ်မကောက်ပါနဲ့တော့ကိုကိုနော်'

"ဟာ မျက်နှာမသစ်ရသေးဘူးလေကွာ'

"ကိုကိုမသစ်နဲ့အုံး တိတိလေးအရင်Toiletထဲသွားပြီ'

"မမေးနဲ့မမေးနဲ့ ကိုကိုထင်တဲ့အတိုင်းပဲ'

😁တိတိလေး တိတိလေး မနက်မိုးလင်းမယ်မကြံသေးဘူး မှောင်မိုက်နေပြန်ပြီ

အားလုံးပြင်ဆင်ပြီးတော့ ရှောင်းကျန့်လေဆိပ်ကိုဆင်းလာရသည် တိတိလေးက Programအချိန်နဲ့ ကိုက်နေတာမို့ လိုက်ပို့လို့မရ

အလာတုန်းကသာ ပျော်မြူးနေတာ အပြန်ကျဝမ်းနည်းသလို ငိုချင်သလိုဖြစ်နေသည်

Love me more than you can say (Completed) Unicode+ZawgyiWhere stories live. Discover now