Part 7

9.8K 638 2
                                    

Unicode:

"သားရေ ဝမ်ရိပေါ် မထသေးဘူးလား
သားရေ သား'

"သားရေ ထတော့လေ သားရဲ့မန်နေဂျာလာနေပြီ'

"ထပြီမေမေရေ နေအုံး သားထွက်လာခဲ့မယ်ခဏစောင့်လို့ပြောပေးပါ'

ထပါမယ်ဆို ကိုကိုကသူ့ရင်ဘတ်ပေါ်မှာ သရေတွေပင်ကျကာ အိပ်ပျော်နေသည် ဝမ်ရိပေါ်ရင်ဘတ်စိုရွဲ
နိုးသွားမှာစိုး၍ ဖြေးဖြေးချင်းကိုင်ကာ ချနေရသည်

"အင့်' နှုတ်ခမ်းလေးထော်ကာ အသံထွက်လာတော့ ရိပေါ်ခိုးနမ်းမိတော့သည် 😚

(သွားရေတွေပါကျနေတဲ့ နှုတ်ခမ်းကို ဝမ်ရိပေါ်တို့ ချစ်ချက်ကြီးက မနိုင်စိန်ပါနော်)

ကိုကိုရယ် ချစ်လိုက်တာ ရိပေါ်ဘယ်လိုများကိုကို့ကို ဖွင့်ပြောရပါ့မလဲ ကိုကိုမှာလည်းချစ်ရသူကရှိနေသေးသည်မလား 😞
ဝမ်ရိပေါ် အမြန်ပြင်ဆင်ပြီး အခန်းထဲကထွက်လာခဲ့သည်

"အကို ဘာလာလုပ်တာလဲ'

"အော် သားလေးရယ်ဘယ်လိုမေးတာပါလိမ့်
အဲ့တာသာကြည့်တော့တုတ်ထိုးအိုးပေါက်မေးတာ'

"ရပါတယ်အန်တီ နေသားကျနေပါပြီ😁
အိမ်လာလည်တာပါ ဝမ်ရိပေါ်
Entက ဘယ်တော့အလုပ်စလုပ်ကြမလဲမေးနေပြီး မနေ့ကပြန်ရောက်တာလူတိုင်းသိနေပြီး အလုပ်တွေလာအပ်နေကြပြီတဲ့'

"အာ ကျွန်တော်တစ်လလောက်အလုပ်နားအုံးမှာ အေးအေးဆေးဆေးနေချင်သေးတယ် တစ်လနောက်ပိုင်းမှအလုပ်တွေလက်ခံပေးပါလို့ပြောပေး'

"အကိုလည်းပြောတာပဲ မရဘူး သွားတွေ့ရင်လည်းတွေ့လိုက်အုံး'

"Ph ဆက်လိုက်မယ်
ကိုကို...'

ဘောင်းဘီတိုလေးနှင့် အိပ်မှုန်စုံမွှားရုပ်လေးနှင့်ကိုကို ဆင်းလာသည် ချက်ချင်း ကိုကို့အနားပြေးသွားကာ အိမ်ပေါ်အတင်းပြန်တွန်းတင်သည် တခြားသူတွေမမြင်စေချင်ပါ ချစ်စရာကောင်းလွန်းသည့်ကိုကို့ပုံစံလေးကို

"သွားဘောင်းဘီရှည်တာဝတ်ပြီးမှ ပြန်ဆင်းလာခဲ့ ဧည့်သည်ရောကိနေတယ်'

"အင်း' အူကြောင်ကြောင်လေးပြန်တက်သွားသည်

ကိုကိုဆိုလို့ သူ့များခေါ်တာလားလို့ 😂
မဖြစ်နိုင်တာတွေတွေးပြီး အံ့သြမိသွားသေးတာ
ဝမ်ရိပေါ်အကိုလားမသိဘူး တစ်ယောက်ထဲရှိတယ်ကြားတာပါ ချောချောလေး မင်းသားလုပ်လို့ရလောက်သည် သူ့အကြည့်တွေမမှားပါ သူတင်ပေးခဲ့သည့်မင်းသားမင်းသမီး မနဲမနောမဟုတ်ပါလား

Love me more than you can say (Completed) Unicode+ZawgyiWhere stories live. Discover now