Part 12

8.5K 485 5
                                    

Unicode:

Commercial shootingအတွက် မြန်မာနိုင်ငံကိုလာရသည် ကြိုဆိုကြသူတွေလေဆိပ်မှာ အပြည့်ပင် ဝမ်ရိပေါ် စိတ်ထဲတွင်ကျေနပ်ပြီး အပြုံးလေးတွေပင် ပြုံးမိသည်

"Pick me pick me up'

ကိုကိုဖုန်းခေါ်လာပါလား 😁

"Helloကိုကို တိတိလေးအခုပဲဖုန်းခေါ်တော့မို့
လေဆိပ်ဆင်းပြီ အခုhotelသွားဖို့ လုပ်နေတယ်'

"ကိုကိုခေါ်မှ 😒
တိတိလေး ဘယ်hotelမှာတည်းရတာလဲ ဘယ်သူနဲ့လဲ'

"Shangri la resident မှာတည်းမှာကိုကို
တစ်ယောက်ထဲပေါ့ တိတိလေးက ကိုကိုနဲ့မှမဟုတ်ရင်ဘယ်သူနဲ့မှမအိပ်ဘူး'

"သရဲကြောက်တယ်ဆို မန်နေဂျာကိုခေါ်အိပ်လေ'

"မအိပ်ချင်ပါဘူး ကိုကိုရာ
ဒါနဲ့လေ အရမ်းလွမ်းတယ် ကိုကိုသိရဲ့လား'

"အခုမှ ကိုကိုလိုက်ပို့ပြီး တစ်နာရီခွဲကျော်လေးပဲရှိသေးတာကို..'

"အဲ့တာဆို ကိုကိုကမလွမ်းဘူးပေါ့'

"လွမ်းတာပေါ့ သဲငယ်လေးရယ်'

"ကိုကိုရေ ဒါပဲနော် အခု Luggage ယူရအုံးမှာမို့
Hotelရောက်ရင်ဖုန်းထပ်ဆက်မယ်နော်'

"အင်းအင်း တိတိလေး မဆက်နဲ့တော့ ဟိုရောက်ရင်အနားယူလိုက်အုံး ညမှကိုကို့ကိုဆက်တော့'

"ဟုတ် မွမွ ချစ်တယ်နော်ကိုကို'

"ပိုချစ်တယ် တိတိလေး'

......

ဟိုတယ်တွင် ခဏနား ရေမိုးချိုးပြီးနောက် ရိုက်မည့်နေရာသို့ ချက်ခြင်းသွားရပြန်သည်

တနေကုန်ပင်ပန်းပြီး လေယာဥ်စီးရတာလည်းပင်ပန်း ဒီနေ့က Indoor shooting မို့Postတွေအမျိုးမျိုးပေးပြီး လုပ်နေပေမဲ့ မျက်နှာမှာ အပြုံးကမရှိ Photographerက ပြုံးပေးပါ ဝမ်ရိပေါ်လို့ ပြောနေပေမဲ့ သူမပြုံးနိုင်
ဒီအတိုင်းပဲရိုက်ပေး ဟုဆိုကာ အနည်းငယ်ပြုံးပေးလိုက်သည်

Hotelပြန်ရောက်ချိန်က ညရှစ်နာရီထိုးနေပြီ ဝမ်ရိပေါ်​ကြောက်တတ်၍ မီးများပင်မပိတ်ခဲ့ ရေချိုးရမှာလည်း ကြောက်နေသည် မျက်လုံးကြီးဖွင့်ပြီး ချိုးရသည် ရေများကျ၍မျက်စိမှိတ်ချင်ပြီဆို လက်ဖြင်အမြန်သပ်ယူရသည် တခြားသူများလို Bathtubမှာလည်း ဇိမ်မခံရဲ

Love me more than you can say (Completed) Unicode+ZawgyiWhere stories live. Discover now