Part 3

10.8K 722 4
                                    

Unicode:

ဒီနေ့ ရှောင်းကျန့်နှင့်ဝမ်ရိပေါ်မတွေ့တာ သုံးပတ်ကြာသွားပြီ

မနေ့ကမာမားပြောနေသံကြားသည် တိတိလေးကလေယာဥ်နဲ့ဒီနေ့ထွက်မည်လို့ပြောသည်

"အန်တီ....ကိုကိုရှိလား
သားသွားတော့မို့ အန်တီရယ် ဦးရယ် ကိုကို့ရယ်ကိုလာနှုတ်ဆက်တာ'

"ရှိတယ်သားရေ
ကျန့်ကျန့်ရေ သားလေး ဒီမှာရိပေါ်လေးရောက်နေတယ်လေ ထွက်လာခဲ့အုံး'

ရှောင်းကျန့်ခေါင်းအုံးနှင့်မျက်နှာအပ်ပြီး ငိုသာငိုနေတာ့သည် တိတိလေးကိုမြင်လျှင်ခဲနိုင်မည်မဟုတ်

"သားရေ'

"အန်တီထားလိုက်ပါ ကိုကိုရှိနေတာသိတာနဲ့တင်ရပါပြီ သားသွားတော့မယ်နော် ကိုကို့ကိုနှုတ်ဆက်တယ်လို့ပြောပေးပါ'

"အေးပါသားလေးရယ် ခရီးလမ်းအဆင်ပြေပာစေနော် အစစအရာရာဂရုစိုက်နော် သားရဲ့သတ္တိကိုလည်းမလေးစားဘဲမနေနိုင်ဘူး'

"ဟုတ်ကဲ့အန်တီ သားသွားပြီ'

"အေးပါ'

.....

"ကျန့်ကျန့် သား'

သူမ ကျန့်ကျန့်လေးအခန်းထဲဝင်သွားတော့ ခေါင်းအုံးနဲ့မျက်နှာအပ်ကာ ငိုနေသည့်သူမရဲ့ကလေးကိုတွေ့သည်

"သားလေးရယ် အဲ့တာများမငိုဘဲထွက်တွေ့လိုက်ပါတော့လား ရိပေါ်လေးက ဘယ်အချိန်မှပြန်လာမလဲမသိရဘဲနဲ့တစ်ယောက်ထဲလွှတ်လိုက်တော့မို့လား'

ရှောင်းကျန့်အသိဝင်တာ အိမ်ထဲကပြေးထွက်လာသည် တိတိလေးကားက ထွက်စပြုနေပြီနည်းနည်းလှန်းနေပြီ ပြေးလိုက်ပေမဲ့လည်း  မမှီတော့

ရိပေါ် ကားဘက်မှန်မှတဆင့်ကိုကို့ကို လှမ်းတွေ့လိုက်သည် မျက်နှာတစ်ခုလုံးနီရဲနေပြီး ငိုထားမှန်းသိသာလွန်းသည် ရိပေါ်လည်းသွားနှုတ်ဆက်ရပေမဲ့ ကိုကို့ကိုမြင်လျှင်ဆုံးဖြတ်ချက်တွေ ယိုင်လာမှာမို့ မတွေ့ဘဲပြန်လာကာ ချက်ခြင်းပင်ကားပေါ်တက်ခဲ့ခြင်းပင်

Koreaရောက်သည်နှင့် YGမှာ trainingဆင်းပြီး အကကိုစိတ်နှစ်ကာသင်ယူသည် ကျောင်းစာလည်းတစ်ဖက်လိုက်နိုင်အောင်လုပ်ရသည် မအားလပ်နိုင်အောင် ကိုကို့ကိုမေ့နိုင်အောင် အချိန်ကိုကောင်းစွာအသုံးချသည် သို့သော်
တစ်ချက်လေးမှမမေ့ အချိန်ရှိတိုင်း ကိုကို့ကိုလွမ်းသည် ညီအကိုသံယောဇဥ်ဟုရိပေါ်ထင်ခဲ့ပေမဲ့ ဝေးနေရလေ ပြောင်းလဲနေသော နှလုံးသားအကြောင်းသိလိုက်ရသည်
ကိုကို့ကိုမေ့နိုင်အောင် Yuriဆိုသော ကောင်မလေးနှင့်တွဲလိုက်သည် Yuriကလည်း ရိပေါ်ကိုစသဘောကျကာ အရာအားလုံးအနွံတာခံသူမို့ ရည်းစားဖြစ်သွားသည့

Love me more than you can say (Completed) Unicode+ZawgyiWhere stories live. Discover now