Part 4

10.2K 700 2
                                    

Unicode:

ကိုယ့်မြေကို ပြန်ရောက်ပြီဆိုတော့ ဝမ်းသာမှုကဘာနဲ့မှမတူ ကိုကိုတစ်ယောက်ရော ဘာတွေလုပ်နေလဲမသိ ကြားထဲဆက်သွယ်မိလျှင် ရည်ရွယ်ချက်တွေလမ်းကြောင်းပြောင်းကုန်မှာစိုးလို့ ကိုကိုနဲ့လုံးဝအဆက်အသွယ်မလုပ်ခဲ့

လွမ်းလိုက်တာကိုကိုရာ

Chinaရဲ့လေတွေတစ်ဝကြီးရှူပြီး လေဆိပ်ကထွက်မယ်အလုပ် Fansတွေအများကြီးရဲ့ ကြိုဆိုခြင်းကိုခံရသည်

လူတွေကြားထဲမှ ထိုးထွက်နေသောအရပ်နှင့် လူတစ်ယောက်

"ကိုကို' နှုတ်ကရုတ်တရက်ထွက်သွားသည်

မမြင်ရတာကြာတော့ချောလာလိုက်တာ ခြောက်ပေကျော်အရပ်ကြီးနှင့် ဝမ်ရိပေါ်ကိုလာကြိုသူများပင်လျှင် ရှောင်းကျန့်ကိုဓာတ်ပုံဝိုင်းရိုက်ကြလေသည်

"တိတိလေး' ပြေးကာ ဝမ်ရိပေါ်အနားကိုသွားသည်

"ကိုကို'

"Welcome back, တိတိလေး ပင်ပန်းလာပြီလား'

ပန်းစီးလေးလှမ်းပေးရင်း ပြောတော့ ဝမ်ရိပေါ်ကြောင်နေသည် အိပ်မက်လား တကယ်များလားကိုကိုကသူ့ကိုစိတ်မဆိုးခဲ့ဘူးလား ကိုကိုလာကြိုလိမ့်မည်ဟုလုံးဝမတွေးထားခဲ့မိတာ အမှန်ပင်

"တိတိလေး ဘာတွေကြောင်နေတာလဲ ကိုကိုလေ မမှတ်မိတော့ဘူးလား'

"ဟမ်.....အင်း'

"လာလာ တိတိလေးလူတွေအရမ်းတိုးနေုပီ ကိုကိုတို့ဒီကအရင်ထွက်ရအောင်'

.......

ကိုကို့ရဲ့ကားပေါ်ရောက်တော့

"ကိုကို'

"ဟင်'

"တိတိလေးကို စိတ်မဆိုးဘူးလားဟင် ကိုကိုဘာလို့လာကြိုတာလဲဟင်'

"လာကြိုရမှာပေါ့ ကိုကို့မှာလိုက်မပို့ရလို့ နောင်တတွေနဲ့ဘယ်လောက်တောင်အချိန်တွေကုန်ခဲ့ရလဲ
တိတိလေးက အရမ်းပြတ်သားတာနော် ကိုကို့ကိုလုံးဝမဆက်သွယ်ခဲ့ဘူး... ကောင်မလေးရနေတော့ ကိုကို့ကိုမေ့နေတာပေါ့လေ ဟုတ်လား'

ဝမ်းနည်းစိတ်ကို ရယ်သံထည့်ကာမေးလိုက်သည်

"ကိုကိုရော?'

Love me more than you can say (Completed) Unicode+ZawgyiWhere stories live. Discover now