Part 5

10.2K 661 3
                                    

Unicode:

တိတိလေး အိပ်နေတာများ ချစ်စရာလေး
အသဲယားလွန်းသောကြောင့် ကိုက်ဆွဲချင်လာသည် ငယ်ငယ်ကလို တိတိလေးကချစ်စရာလေးဟုပြောကာ နမ်း၍လည်းမရတော့

နမ်းမိလို့တိတိလေးက သူ့ကိုအထင်သေးမှာလည်းစိုးရသည် မနေနိုင်လွန်းစွာ တိတိလေးနှုတ်ခမ်းကို အလိုမတူပါပဲ အသာအယာနှုတ်ခမ်းချင်း ထိကပ်ကာ ခိုးနမ်းလိုက်သည်

တိတိလေးခမျာ ပင်ပန်းနေသည်ထင် အိပ်ပျော်ရင်း အနည်းငယ်မျှပြုံးလိုက်သည်

တိတိလေးဘာတွေအိမ်မက်မက်ပြီး ယောင်ရယ်နေရတာလဲ Koreaမှာ ကျန်ခဲ့တဲ့ကောင်မလေးအကြောင်းများလား တိတိလေးကရယ်ရင်အရမ်းချောတာကို အမြဲခပ်ချေချေသာနေတတ်သည်

အရင်ကတော့ အပြုံးတွေက ကိုကို့အပိုင်ပါဆိုပြီး
အခုတော့ တိတိလေးရည်းစားအပိုင်ဖြစ်ပြီပေါ့လေ

ဝမ်ရိပေါ်အိပ်နေရင်း တစ်စုံတစ်ယောက်ကကြည့်နေသည်ဟုထင်လာကာ မျက်လုံးတွေကိုအသာအယာဖွင့်ကြည့်လိုက်သည်

ကိုကိုရီဝေသေါအကြည့်များနှင့်ကြည့်နေသည်

ဒုက္ခပါပဲ တိလေးနိုးလာပြီ

"နိုးလာပြီလားတိတိလေး အရမ်းပင်ပန်းနေလား
ကိုကိုအကျီတွေပြန်လာသိမ်းတာ တစ်ခါတလေတိတိလေးအခန်းမှာ ကိုကိုက လာအိပ်တာမို့လို့'

အယောင်ယောင်အမှားမှားနှင့်ရှောင်းကျန့်ဘာတွေပြောမိမှန်းပင် မမှတ်မိတော့

"အော်' ရိပေါ်အော်တစ်လုံးသာပြောလိုက်သော်လည်း ကိုကိုဂနာမငြိမ်ဖြစ်နေတာ ရိပေါ်ရိပ်မိသည်
ကိုကို သူ့ကိုကြည့်နေတာများလား

"ကိုကိုကလည်း မသိမ်းပါနဲ့ တိတိလေးလည်းဝတ်လို့ရဘူးလား ကိုကို့အကျီတွေကို
ကိုကိုလည်း အရင်အတိုင်းပဲဒီမှာ လာအိပ်လို့ရတယ်လေ'

အမလေးလေး တိတိလေးကတော့အန္တရယ်ကို လက်ယပ်ခေါ်နေပြန်ပါပြီ မဖြစ်သေးပါဘူး ရှောင်းကျန့်အတူတူအိပ်လို့တော့ ရင်ခုန်သံတွေ တိတိလေးကြားကုန်မှာစိုးသည်

"အင်းပါ နောက်မှပေါ့ အကျီတွေတော့တိတိလေး ဝတ်မယ်ဆိုလည်း ကိုကိုမသိမ်းတော့ပါဘူး
ဒါပေမဲ့ ကိုကိုက အကျီဝယ်တိုင်း တိတိလေးအတွက်ပါနှစ်ထည်အမြဲဝယ်နေကျမို့ တိတိလေးကြိုက်တာယူဝတ်လို့ရတယ်နော်
အပေါ်ထပ်က ကိုကို့အကျီ အောက်ထပ်က တိတိလေးအကျီတွေ'

Love me more than you can say (Completed) Unicode+ZawgyiWhere stories live. Discover now