Part 8

9.6K 601 2
                                    

Unicode:

"ယူဘင်း မင်းဘာလာလုပ်တာလဲ'

"ငါလား ...မင်းဒီနေ့အလုပ်လာမယ်ဆိုလို့စောင့်နေတာလေ'

"အဲ့တာများ အပြင်မှာချိန်းလို့ရတာကို ညနေတွေ့မယ်ဟျောင့်'

"အလုပ်လာတာ ငါမင်းရဲ့Secretaryအဖြစ်လာလျှောက်တာ အန်ကယ်ကချက်ခြင်းခန့်လိုက်တယ် မင်းအဆင်ပြေဖို့တဲ့'

စကားတွေအမျှင်မပြတ်နိုင်ဖြစ်နေသောသူငယ်ချင်းနျစ်ယောက်ကိုကြည့်ပြီး စိတ်တိုလာသည် ဝမ်ရိပေါ် ကိုကို့ Attention ရအောင်ကြံစမ်း ကြံစမ်း.... ဟုတ်ပြီ Yuriဆီဖုန်းခေါ်လိုက်မယ်

"Hello Yuri'

ရှောင်းကျန့်ရော ယူဘင်းရော လှမ်းကြည့်လိုက်သည်

ဝမ်ရိပေါ် ခနဲ့ပြုံး ပြုံးပြရင်း ကိုကို့ကို
"ကိုကို အပြင်ထွက်ပြောလိုက်အုံးမယ်နော်'

"အင်းတိတိလေး'

....

"ကျန့်ကျန့် မင်းရဲ့ကလေးပြန်ရောက်နေတာတော့သိတယ် အလုပ်ပါလိုက်လာတာလား
သတိမထားမိလိုက်ဘူး စကားကောင်းနေတာနဲ့'

"ကျန့်ကျန့်.... ကျန့်ကျန့်..ရှောင်းကျန့်'

ရှောင်းကျန့်အပြင်ကိုမျှော်ကြည့်ရင်းခဏအတွေးတွေရပ်တန့်သွားသည်

"ဟင်...ဘာ​ပြောတာလဲ ယူဘင်း'

"ဘာတွေဖြစ်နေတာလဲကွာ မင်းကြည့်ရတာလည်း အသဲကွဲတော့်ယ့်ပုံနဲ့ ဘာလဲ စက္ကထရီချောချောလေး မျှော်နေတာလား'

"မဟုတ်ပါဘူး မင်းခုနက ဘာပြောမို့လဲ'

"ဝမ်ရိပေါ်လိုက်လာတာလားမေးတာ'

"လိုက်လာလို့ မင်းမြင်တာပေါ့ မလိုက်လာရင်တွေ့မလား စကားမဟုတ်တာမေးနေတယ် အတွေးတွေတောက် ပြတ်တောက်ကုန်ပြီ'

"ငါပဲမှားပါတယ် မင်းက ဘာတွေးနေလို့လဲ'

"Personalဟိတ်ရောင် မပြောပြဘူး'

........

ဝမ်ရိပေါ်တမင်ပင်အချိန်အကြာကြီးအပြင်မှာနေလိုက်သည် Yuriနဲ့က ခဏတဖြုတ်ပင်

.......

ညနေရုံးဆင်းချိန် လူများတရုတ်ပြည်ရဲ့လမ်းများပေါ်ပြည့်ကျပ်နေသည် ရှောင်းကျန့်ကကားနှင့်ပြန်မယ်ခေါ်တာကို တိတိလေးက လမ်းလျှောက်မုန့်စားချင်တယ်ဆိုတော့ ယူဘင်းကိုကားမောင်းစေပြီး အနောက်ကလိုက်လာခိုင်းရသည်
တိတိလေးက နာမည်ကြီးနေပြီမို့ Maskအုပ်ကာလာတော့လည်း Maskအုပ်ထား၍နာမည်ကြီးထဲကလား ထင်ကာဝိုင်းကြည့်နေကြသည်

Love me more than you can say (Completed) Unicode+ZawgyiWhere stories live. Discover now