Part 14 (Final)

11.4K 520 21
                                    

Unicode:

ဟင် လေယာဥ်ကတစ်နာရီကျော်နေပြီ အခုထိမဆက်သေးဘူး စိတ်ပူလိုက်တာ တိတိလေးရာ
ရှောင်းကျန့်ဒီနေ့ညနေ တိတိလေးနှင့်မခွဲနိုင်တော့၍ လက်ထပ်ခွင့်တောင်းဖို့ အိမ်တွင်အားလုံး ပြင်ဆင်ထားခဲ့ပြီးသား လှပသောမီးသီးလေးတွေကြယ်လေးတွေ ပူဖောင်းလေးတွေ နှင်းဆီပန်းရဲရဲလေးတွေနှင့်ပေါ့

"Hi everyone Myanmarနိုင်ငံမှထွက်ခွာလာသည် လေယာဥ် MA 235သည် နှင်းပိတ်ပိတ်မိနေ၍ပြေးလမ်းဆင်းရန်ခက်ခဲနေသောကြောင့် လေယာဥ်ဆင်းသက်ချိန်နောက်ကျမည်ဖြစ်ပါကြောင်းအသိပေးကြေငြာအပ်ပါသည်'

"ဟူး...ဟူး'ရေှာင်းကျန့်သက်ပြင်းတွေသာအကြိမ်ကြိမ်ချနေမိတော့သည် သက်ပြင်းချလို့အသက်တစ်ရက်တိုမည်ဆိုလျှင် သူ့တွင်အသက်ပင်ရှိတော့မှာမဟုတ်ပင် ရှောင်းကျန့်မျက်ရည်များပင်ကျနေလေသည်
စောင့်နေရသည်မှာတစ်နာရီနီးပါးပင်ရှိတော့မည်

Baggage claimsနေရာရောက်တော့ ကိုကို့ကိုလှမ်းတွေ့သည် ခေါင်းငုံ့ကာ ဘာဖြစ်နေမှန်းမသိတော့...ဝမ်ရိပေါ်မြန်မြန်စောင့်ယူပြီး ကိုကို့ဆီပြေးသွားလိုက်သည်

"ကိုကို'

"တိတိလေး....အီး...ဟီး...ဗဲ....'ငိုသံများစုံနေသည်

"ကိုကို ကိုကို ဘာလို့လဲဟင် တိတိလေးရောကိနေပြီလေ မငိုနဲ့တော့နော်'

"ကိုကိုကအရမ်းစိတ်ပူနေခဲ့ရတာလေ နောက်ကိုကိုမပါဘဲ ဘယ်မှမသွားရဘူး သေရင်လည်းအတူသေမယ် အီးဟီး....ကြားလား'

"တိတိလေးရဲ့အသဲနှလုံးလေး ချစ်လိုက်တာ
ကိုကို့သဘောပါဗျာ နှင်းတွေပိတ်နေလို့ လေယာဥ်ဆင်းမရတာပါ'

"သိတယ်'

"ဟင် သိတာကိုငိုနေတယ်ပေါ့လေ'

"အင်းလေ စိတ်ပူတာပေါ့ တော်ကြာပိတ်နေလို့လေယာဥ်ဆင်းမရဘူးဆိုပြီး မြန်မာနိုင်ငံကိုပြန်ခေါ်သွားရင်ဘယ်လိုလုပ်မလဲ'

"ခေါ်စရာလားကိုကိုရဲ့ 😂😂😂 ကလေးလေးလိုတွေးတာနော်'

"ဝမ်ရိပေါ်'

"အင်းပါအင်းပါ တိတိလေးမှားပါတယ် မငိုနဲ့တိတ်နော်'
ပြောကာ ဝမ်ရိပေါ် ကိုကိုနဖူးလေးကို ခြေဖျားလေးထောက်ကာနမ်းလိုက်သည်

Love me more than you can say (Completed) Unicode+ZawgyiWhere stories live. Discover now