(1)

65.8K 2.4K 52
                                    

Zawgyi 💞

"ရှောင်းကျန့်!!!

ပုခုံးလေးကိုလှုပ်ကာခေါ်မှသူ့ဘက်ကိုပေစောင်းစောင်း
ပြန်ကြည့်လာသည်။ ရှောင်းကျန့်က နယ်ကနေပထွေးဖြစ်သူနဲ့
မြို့ပေါ်တက်လာခဲ့တာ။ ထုံးစံအတိုင်း စိတ်ကမကြည်ချင်။
ဒါဟာလည်း ပထွေးကိုကြည့်မရသည်ကြောင့်ပင်။

"ရှောင်းကျန့် ငါခေါ်တာကြားလား"

ခေါင်းလေးစောင်းကာတစ်ချက်ခေါင်းညိမ့်လိုက်မိပါရဲ့။
ပထွေးဖြစ်သူနဲ့ရှန်ဟိုင်းဆိုလား ဘာဆိုလားပဲ
အဲ့ဒီမြို့ကိုလိုက်လာရတာ တစ်ခြားတော့မဟုတ်ဘူး
သူဌေးကြီ်းတစ်ယောက်ဆီမှာအလုပ် လုပ်ဖို့အတွက်
ခေါ်လာတာ ဆိုပဲ။ ဆယ်နှစ်ဆိုတဲ့အသက်ရွယ်ကသူများတွေလို
ကျောင်းတက်ရမည့်အရွယ်ဆိုသော်ငြားရှောင်းကျန့်ကတော့
ဒီအရွယ်မှာကျောင်းထွက်ပြီးမေမေကိုရှာကျွေးတဲ့သားလိမ်မာ
တစ်ယောက်ဖြစ်သည်။

"ရှောင်းကျန့်..!

"ဘာလဲ!

"မင်း... မင်းငါ့ကိုဘယ်လိုလေသံနဲ့ပြောနေတာလဲဟမ်"

"ကြားတဲ့အတိုင်းပဲ"

"ဟာကွာ ဒီကလေးငါလုပ်ရင်သေတော့မယ်"

ကားပေါ်မှာအသက်40ကျော်လူတစ်ယောက်နဲ့10နှစ်အရွယ်
ကလေးတစ်ယောက်အခြေတင်စကားများနေကျသည်။
ရှောင်းကျန့်ကနယ်မှာကြီးပြင်းလာပီးကြမ်းတမ်းသောကြောင့်
ပထွေးဖြစ်သူကိုနိုင်အောင်ပြောဆိုနိုင်သည်။

"ရောက်ပြီ ဆင်းတော့!!

ငါသီးခံရမယ် ဟုတ်တယ် ငါငြင်းလို့ မရဘူး။

ထိုကဲ့သို့ ကိုယ့်ကိုယ်အားပေးရင်းဆင်းလိုက်သည့်နေရာက
ခပ်ကျယ်ကျယ်ခြံကြီးရှေ့မှာ။

ကျယ်ဝန်းတဲ့ခြံကြီးထဲကိုရှောင်ကျန့်ပါးစပ်အဟောင်းသားနဲ့
လိုက်ပါလာခဲ့သည်။ ခြံထဲမှာလဲခွေးများကသူတို့ဝင်လာတာနဲ့
ဟောင်နေတာမရပ်တော့ဘူး ။

အိမ်ထဲကိုဝင်လိုက်တာနဲ့မျက်လုံးများကအရောင်လဲ့လာကာ
ဒီအိမ်ကြီးကိုခေါ်လာတဲ့ပထွေးကိုသာကျေးဇူးတင်ရမလား
ထိုချိန်မှ အပေါ်ထပ်ကတစ်ဒေါက်ဒေါက်နဲ့ဖိနပ်သံက
ကြယ်လောင်လွန်းသည်။ အိမ်ကြီးထဲမှာအလုပ်သမားများ
ရှိသော်လဲတိတ်ဆိတ်လွန်းတယ် ရှောင်ကျန့်ထိုသူကို
သိချင်တာကြောင့်မော့ကြည့်လိုက်သည်။မျက်ဝန်းလှလှလေး
ပေါ်မှာမျက်မှန်ဝိုင်းဝိုင်းလေးကနေရာယူထားသည်က
ထိုလူကြီးအသွင်နဲ့ ပိုမိုကြည့်ကောင်းအောင်ပန့်ပိုးနေသည်လားမသိပါ။
ပီးတော့နှာတံစင်းစင်းလေးနဲ့ မထူမပါးနှုတ်ခမ်းရဲရဲလေးက
ဆေးအကူမပါ။ တစ်ဆတ်တည်းမှာပင် နှုတ်ခမ်းထက်မှာ
တပ်ဆင်လာသောအပြုံးကြီးက ကျောချမ်းစရာအတိ။

💕Oo💞 (Completed) Where stories live. Discover now