(6)

17.7K 1.3K 32
                                    

Zawgyi 💞

တစ်ဖက်အသင်းရဲ့ပြိုင်ပွဲဝင်တွေကိုကြည့်ရင်းရှောင်းကျန့်
မျက်ခုံးတွေပင့်တက်လာရသည်။ တစ်ဖက်ကလည်း ခေတဲ့
သူတွေမဟုတ်။ ရှောင်းကျန့်တို့ခင်ဗျာ ပြင်းပြင်းထန်ထန်
ဘယ်လောက်ပဲလေ့ကျင့်ပါတယ်ပြောပြောဒီနေရာ
ရောက်တော့စိတ်လှုပ်ရှားမိတာအမှန်။

အားလုံးရဲ့ဟေလားဝါလားအားပေးသံတွေကမိုးခြိမ်းသံကြီး
ပမာ ကျယ်လောင်လျှက်ရှိသည်။

"ဟေး ရှောင်းကျန့်..!

ကျန်းချန်နဲ့ဝမ်းနင်ကကွင်းထဲကိုဆင်းလာပြီးရှောင်းကျန့်ကို
ခေါ်လိုက်တယ်။ သကောင့်သားနှစ်ယောက်အသံကြောင့်
ရှောင်းကျန့်လည်းလှည့်ကြည့်ရင်းမေးဆက်ကာဘာလည်း
ဆိုတဲ့အပြုသဘောနဲ့မေးလိုက်လေရဲ့။

"မင်းတို့နှစ်ယောက်ဘာဖြစ်လို့ပြေးလာတာလဲ?

သူ့အနားကိုပြုံးဖြီးကာ အမောတကောပြေးလာတဲ့
နှစ်ယောက်ကို ပိတ်ဟောက်လိုက်တယ်။ ထိုတော့
နှစ်ယောက်လုံးက သွားအကုံးလိုက်ပေါ်အောင်ရယ်ပြရင်း

"ဘာမှမဟုတ်ပါဘူး ငါတို့မင်းကိုအားပေးတယ်နော်
ကြိုးစားထား"

"ဟုတ်တယ် ကျန့်လေး မင်းလူတစ်ယောက်ကိုတော့
သတိထား"

"ဟမ် ဘယ်သူ့ကိုလဲ"

"ဟိုမှာ ကြည့်လိုက်"

သူတို့ပြတဲ့နေရာကိုကြည့်တော့ဆံပင်အနီရောင်နဲ့
လမ်းသရဲလိုစတိုင်မျိုးနဲ့ ကြည့်ရတာပေါင်းသင်းရတာ
အဆင်မပြေနိုင်တဲ့ပုံမျိုးပဲ။ သူ့ကိုကြည့်နေတာသိတဲ့
သကောင့်သားက မျက်မှောင်ကြီးကြုပ်ကာကြည့်လာပြီးပါးစပ်
ထဲက ပီကေကိုထွီခနဲထွေးထုတ်ကာခပ်စူးစူးကြည့်လာတာမို့
ကျန်းချန်နဲ့ဝမ်းနင်လည်း ဂလုခနဲတံတွေးမြိုချပြီး ရှောင်းကျန့်ရဲ့ ပုခုံးကို ဆုပ်ကိုင်ကာ ကံကောင်းပါစေဟုပင်
အသံတိတ်ဆုတောင်းပေးသွားသယောင်။

"သူက.... "

"သူ့နာမည်က မင်ဟွိုက် အဲ့ကောင်ကဖိုင်နယ်ပွဲတွေကို
တစ်ခါမှမရှုံးဖူးဘူး "

"ဒါဆို သူကအရမ်းတော်တာပေါ့ "

"အာ.. မင်းထက်ဘယ်သူမှပိုမတော်ဘူး အဲ့ကောင်က
သူရှုံးရင်ပြသနာရှာတာ အဲ့ဒါကြောင့်လူတိုင်းက သူ့ကို
အနိုင်မယူရဲဘူး"

💕Oo💞 (Completed) Where stories live. Discover now