(36)

16.7K 1K 56
                                    

Zawgyi

Ring 📱

Phone Ringသံကြောင့် Screenပေါ်ကို
ကြည့်တော့ အန်းဒီဆိုတဲ့ Phone Number ကြီးက
အထင်းသား ပေါ်နေတာမို့ အလျင်အမြန်ကိုင်ရတယ်။

"ဟယ်လို!!!

"ရှောင်းကျန့် နင်ဒီနေ့ ဘာလို့ ဆေးရုံကိုမလာတာလဲ
ငါတို့၃ယောက်လုံး နင့်ကိုစိတ်ပူနေတာ ကောင်စုတ်လေးရဲ့"

"အာ.. ငါဒီနေ့လည်း ခွင့်ယူထားတယ်လေ ဆေးရုံအုပ်က
မပြောဘူးလား.. "

"ဟမ်.. ဟုတ်လား ကျစ်၊ ဆေးရုံအုပ်က ဒီနေ့ မြို့နယ်အထွေထွေ အစည်းဝေးသွားတက်တယ်လေ
အဲ့ဒါကြောင့် မပြောတာဖြစ်မယ်.. "

"အင်း.. "

"ဒါနဲ့ နင်နေကောင်းတာ တစ်ကယ်သေချာရဲ့လား?

"ဒါပေါ့ စိတ်မပူစမ်းပါနဲ့ ငါနေကောင်းပါတယ်.. "

"ဟုတ်ပြီလေ ဒါဖြင့် မနက်ဖြန် တွေ့မယ်နော် ကျန့်"

"အိုခေ.. "

ဖုန်းကိုတိခနဲချပြီးတာနဲ့ ခုံပေါ်တင်ထားခဲ့လိုက်တယ်။
တစ်ကယ်တော့ ဒီနေ့ သိပ်နေမကောင်းဖြစ်ချင်နေတာမို့
ခွင့်ယူလိုက်မိတာ..။ ဦးကလည်း ဒီနေ့ တစ်နေကုန်
Company မသွားတာပဲ အနားကနေတစ်ဖွားမှ
မခွာသောကြောင့် အားရှိမိခြင်း။

မီးဖိုချောင်ထဲကိုဝင်လိုက်တော့ ဧပရွန်လေးနဲ့ ချက်ပြုတ်နေတဲ့
ဦးရဲ့ကျောပြင်ကျယ်ကြောင့် နှူတ်ခမ်းထောင့်စွန်းလေး
ကွေးတက်ခဲ့ရလေသည်..။ နောက် အလျင်စလိုနဲ့ ဦးရဲ့
ခါးကို ပြေးဖက်ပြီး ဦးရဲ့ကျောပြင်နဲ့ မျက်နှာကို ပြေးကပ်တော့တာပဲ။

"ကလေးရယ်.. အခန်းထဲမှာနေပါလို့ ပြောထားခဲ့တာကိုကွာ
အခုနေလည်းမကောင်းပဲ ဘာလို့ အောက်ကို
ဆင်းလာရတာလဲ.. "

ပြောရင်းလှည့်လာတော့ ကလေးငယ်ရဲ့ ပုံစံကြောင့် ပိုပြိး
စိတ်ပူရပြန်တယ်။

"ကြည့်ဦးကွာ.. အင်္ကျီကလည်း ပါးပါးလေး အပြင်မှာ
လေစိမ်းတွေ တိုက်နေတာ မတော်လို့ အအေးမိရင်
ပိုဆိုးဦးမှာ မဟုတ်လား.. "

ရှောင်းကျန့်က ခေါင်းညိမ့်ပြီးပြုံးလျက်

"ဟုတ်ကဲ့ အဲ့ခါကျ ဦးပဲဂရုစိုက်လေနော်ဗျ.. "

💕Oo💞 (Completed) Where stories live. Discover now