(8)

15.4K 1.1K 109
                                    

Zawgyi

ဒီနေ့ဆိုကလေးသွားတာ၁ရက်ရှိသွားပြီ။ ကျွန်တော်ကုမ္ပဏီကို
မသွားတာလဲ ကလေးအိမ်မှာမရှိကတည်းကဖြစ်သည်။
ကလေးကစိတ်ကူးယဉ်ဆန်တယ် အဲ့ဒါကြောင့် ခြံထဲမှာ
ပန်းပေါင်းစုံစိုက်ထားလိုက်တယ်။ နှင်းဆီပန်းက အများဆုံးပဲ
သူ့မွေးရပ်မြေကိုသတိရတိုင်းကြည့်ဖို့တဲ့ ဟက်ဟက်
အဲ့ဒါကြောင့် ကျွန်တော်ကိုယ်တိုင်သေချာ ရေလောင်းပေးတယ် အလုပ်သမားတွေလုပ်ခိုင်းရင် ရတယ်
ဆိုပေမယ့် ကျွန်တော်ကိုယ်တိုင်လုပ်ပေးချင်လို့။

ကလေးရေ ပန်းတွေပွင့်နေပြီနော် နှင်းဆီပန်းအနံ့လေးတွေကို
သိပ်ကြိုက်တယ်လို့ ပြောဖူးတယ်မလား။

ဦး ရေလောင်းထားတယ် ကလေးပြန်လာရင်
ဒီပန်းလေးတွေကိုမြင်ပြီးပျော်နိုင်မှာပါ။
ဦးကိုယ်တိုင်လဲ အဲ့လိုပဲမြင်ချင်တာ..... ။

နေရင့်လေအရူးရင့်လေဆိုတာ ကိုယ့်အတွက်ထင်ပါရဲ့ကွာ။
.
.
.
.
ရှောင်းကျန့်တို့တောထဲကိုခရီးထွက်ကျတာ တစ်ကယ်အေးချမ်း
ဖို့ကောင်းတယ်။ တိတ်ဆိတ်တာကိုကြိုက်တဲ့သူ့အတွက်က
ဒီလိုနေရာလေးသာ လိုအပ်နေတာ။

တစ်ကယ်အေးချမ်းတယ် ပျင်းတိုင်းလည်း ပန်းချီဆွဲတယ်
ညရောက်တိုင်းဦးနဲ့ ဖုန်းပြောဖြစ်ပါတယ် ဖုန်းထဲမှာဦးအသံက
အားမရှိသလိုပဲ ဦးအဆင်မှပြေရဲ့လား သိချင်မိတယ်
ပြီးတော့ ဟိုမမနဲ့လဲ။ ခနလေးအတွင်းမှာခင်သွားမယ်လို့
ကျွန်တော်မထင်မိဘူး အဲ့မမကအရမ်းလှတယ်။
ကောင်လေးတွေ ဝိုင်းနေမယ့်ပုံပဲနော် ဟင်းဟင်း။

မျက်ဝန်းထဲမှာ မျန်မျန်ပုံက ရုပ်ရှင်ပြကွက်လိုမျိုးမြင်လာရသည်ကြောင့်
ရှောင်းကျန့်ဝဲဘက်ရင်အုံက တစ်ဒုန်းဒုန်းဆောင့်ကာ
ခုန်လာလေပြီ။

"ကျန့်လေး... "

ရှောင်းကျန့်တွေးနေတုန်းမျန်မျန်ရောက်လာကာ
ခေါ်လိုက်သည်။ ထို့ကြောင့် အနောက်ကိုချာခနဲလှည့်ကာ
ကြည့်တော့ သူ့ကိုပြုံးစစကြည့်နေတဲ့ မျန်မျန်

"မမ... "

"အံမယ် ကျန့်ကျန့်လေး ဘာတွေ တွေးနေတာလဲဟင်
မမကို ပြော"

💕Oo💞 (Completed) Where stories live. Discover now