(30)

16.5K 1.1K 106
                                    

Zawgyi

ရုတ်တရက် ဆန်လွန်းတဲ့အဖြစ်ပျက်ကြောင့် ရှောင်းကျန့်
ကြောင်အမ်းအမ်းဖြစ်နေသည်။ Yiboကဆက်ပြီးသူ့ကို
ကြည့်ကာ Sofaပေါ်ကိုထိုင်စေ၍

"ကလေး.. သံပရာရည်လေး သောက်လိုက်နော်
ခေါင်းမူးနေတယ်မဟုတ်လား"

ရှောင်ကျန့်ကခေါင်းလေးညိမ့်ပြလိုက်တော့yiboက
သံပရာရည်ခွက်လေးကို ကိုင်ကာ ကိုယ်တိုင် တိုက်နေသည်။
ဒီမြင်ကွင်းကဖေးယွမ်အတွက်ကတော့ဒေါသထွက်ချင်စရာ
မြင်ကွင်းတစ်ခုဆိုပါတော့။

"yibo ge "

"အဟွတ်.. အဟွတ်"

ဖေးယွမ်ရဲ့ အသံကြောင့် ရှောင်းကျန့်က သံပုရာရည်
သောက်ရင်းသီးသွားသည်မို့ Yiboမှာပြာယာတွေခတ်လို့။
ဖေးယွမ်ကလည်း ကြောင်အမ်းအမ်းဖြင့် ရပ်ကြည့်နေဆဲ။

"ဟာ.. ကလေး သီးသွားပြီ ကျစ်"

အပြောနဲ့အတူ စားပွဲပေါ်က တစ်လျှူးကိုယူကာ နှုတ်ခမ်းကို
သုတ်ပေးလာလေသည်။ ဖေးယွမ် မြင်မြင်ချင်း သွေးတောင်
ပွက်ပွက်အန်ချင်သွားတယ်။ ဘယ်သူ့ကိုမှမကြင်နာဖူးတဲ့
Yibo ge ကလေ အခု ကောင်လေးတစ်ယောက်ကို
ဂရုစိုက်နေတာတဲ့လား..။ ဟား!!! ဘဝကြီးကတော့လေ..။

"သက်သာလား ကလေး... "

"အင်း သက်သာပါတယ် ဦးရဲ့ စိတ်မပူနဲ့ "

စကားသံကြည်ကြည်လေးကြောင့်Yiboလှစ်ခနဲတစ်ချက်
ပြုံးလိုက်လေသည် ထို့နောက် ဖေးယွမ်ဆီကို အကြည့်
တစ်ချက် ပစ်ပေးရင်း

"ဖေးယွမ် ကျေးဇူးပြုပြီး ထွက်သွားပေးပါ့လား Please "

ပြူးကျယ်လာသောမျက်လုံးတို့ကဝိုင်းဝိုင်းစက်စက်ဖြင့်
Yiboစကားတို့ကြောင့် ဒေါသတို့က မျက်နှာပေါ်မှာ
ထင်လင်းမြင်သာစွာ ပေါ်ပေါက်လာကာ လက်သီးကိုလည်း
တင်းကြပ်စွာဆုပ်လိုက်လေသည်။

"Yi... Yibo ge "

"ပြောတာ မကြားဘူးလား ထွက်သွားလို့"

ဟိန်းခနဲထွက်ပေါ်လာတဲ့အသံတို့ကြောင့်ဖေးယွမ်လည်း
ဆတ်ခနဲတုန်တက်သွားရတယ်။ ရင်နှီးလာခဲ့တဲ့ ဒီနှစ်တွေမှာ
အော်ဖို့မပြောနဲ့ မျက်စောင်းတောင်ထိုးမကြည့်ဖူးခဲ့တဲ့
Yibo ge ကလေ အခု ဖေးယွမ်ကို အော်တာတဲ့လား။
နောက်ပြီး ကလေးတစ်ယောက်ရဲ့ရှေ့မှာမှ အဲ့ကလေးကလည်း ကိုယ့်ပြိုင်ဘက်တစ်ယောက်။
သို့သော် အခုချိန်က ဒေါသတွေထုတ်ပြရမယ့်အချိန်ကောင်း
ဟုတ်မနေတာကြောင့် ခေါင်းကိုငုံ့ကာ ထွက်သွားလိုက်သည်။

💕Oo💞 (Completed) Where stories live. Discover now