(22)🚨

19.1K 1.1K 91
                                    

Zawgyi..

18+ပါ 🌚🌚

အသံတွေမြည်တဲ့အထိနမ်းရှိုက်ပြီးနောက် လူချင်းခွာတော့
ရှောင်းကျန့်ခင်ဗျာ အသက်ကိုအလုယက်ရှူရှိုက်ရသည်။
ဒါကိုမြင်တော့ Yiboက ဟက်ခနဲရယ်ချတယ်..။
သူ့ရယ်သံပိစိကြောင့်ရှောင်းကျန့်မျက်နှာလေးကခရမ်းချဉ်သီး
တစ်လုံးပမာနီမြန်းလျှက်ရှိသည်။

"ကလေးငယ်!!

သူ့မျက်နှာကိုတစ်စိမ့်စိမ့်ကြည့်ပြီး ခေါ်လာလေသူ။

"အင်း!

"ဦးကမင်းကို တစ်ကယ်အများကြီးချစ်တယ်နော်"

အပြုံးတစ်ခုနဲ့အတူခေါင်းကိုခပ်သွက်သွက်လေးညိမ့်ပြလိုက်တယ်။ ဦးရဲ့စကားတွေကို ကျွန်တော်ကလည်း အကျွင်းမဲ့
ယုံကြည်တာမို့ ဘာမှ သံသယဖြစ်စရာပင်မလို။ နောက်ဆုံးတော့ နှစ်လုံးသားနှစ်စုံက ထပ်တူကျခဲ့ရပြီပေါ့။

"အင်း ကျွန်တော်လည်း အများကြီးချစ်တယ်"

ပြောရင်းလည်တိုင်လေးကိုဖက်တွယ်လာတဲ့လက်နှစ်ဖက်
ကြောင့် အပြုံးရေးရေးလေးက သူ့နှုတ်ခမ်းအထက်မှာ..။
နောက်၊ အမြတ်တနိုး ကလေးငယ်ရဲ့ နှဖူးပေါ်ကို အနမ်းတစ်ပွင့် ရက်ရက်ရောရော ပေးလိုက်ပြန်၏။

"ဦး က မင်းကို လုံးဝထားခဲ့မှာမဟုတ်ဘူး ကိုယ်ရှိနေစဉ်ကာလလုံး မင်းကို ကာကွယ်သွားမှာ"

"ယုံပါတယ်ဗျာ"

နှစ်ယောက်သား မျက်လုံးချင်းစုံအောင်အတော်ကြာစိုက်၍
ကြည့်နေလိုက်သည်..။ ကျွန်တော်လည်း ဦးကို ဟောဒီ
ရင်ဘက်သေးသေးနဲ့မဆံ့အောင် ချစ်တာပေါ့ဗျ။

ထို့နောက် တစ်ဖြည်းဖြည်း နီးကပ်လာတဲ့ ဦးကြောင့်
ယောင်နနနဲ့ မျက်လုံးတွေကိုပိတ်ချပစ်လိုက်တယ်..။
ဦးရဲ့နှုတ်ခမ်းသားအိအိလေးက ကျွန်တော်နှုတ်ခမ်းပေါ်မှာ
ထပ်တူကျလျက်ရှိပါသည်..။ ကျွန်တော်လေ ဒီအချိန်လေးကို
အကြောင်းပြချက်မရှိရပ်ထားချင်လိုက်တာ ဦးရယ်။

နှုတ်ခမ်းသားလေးတွေကိုတစ်လှည့်ဆီစုပ်ယူပြီးစိတ်ကြိုက်
ချယ်လှယ်နေတာမို့ ရှောင်းကျန့်မှာအနမ်းတွေကြားထဲ
မေ့မေ့မောမောပဲ..။ ဒါနဲ့မတင်းတိမ်နိုင်သေးတဲ့ ဦးက
သူ့ရဲ့လည်တိုင်လေးလပေါ်ကို နမ်းလာတာမို့ မျက်လုံးတွေ
ပိတ်ကျသွားရင်း အနမ်းတွေခံယူမိပြန်တယ်။

💕Oo💞 (Completed) Where stories live. Discover now