(20)

17.7K 1.3K 115
                                    

Zawgyi

စူပုတ်နေတဲ့ရှောင်းကျန့်ကိုသူကတော့ဖြင့် အရိပ်တကြည့်ကြည့် ငေးလို့။ ရှောင်းကျန့်က မသိချင်
ဆောင်ကာ အခန်းထဲဝင်ရန်ခြေလှမ်းပြင်သည်..။ ဒါကို
သူက အနောက်ကနေ အသံခပ်လွင်လွင်လေးဖြင့်

"ကလေး.. ဘာဖြစ်နေတာလဲ မျက်နှာလဲမကောင်းပါလား"

"ခင်ဗျားနဲ့ဘာဆိုင်လို့လဲ.. "

အမှန်က ဘာဖြစ်နေလဲမသိဘူးလား မေးချင်တာ။
ထွင်လာတာနဲ့ တစ်ကယ်မေးချင်တာက ကွဲထွက်သွားတာ။
ဟိုမိန်းကလေးအကြောင်းကိုမေးလို့ ရှောင်းကျန့်က
တစ်ဦးထဲရှိတဲ့ ဦးအပေါ်မှာ ပိုတိုးလို့ ရစ်ချင်တာပဲ..။ ခက်တာက သူ့မာနက ခွင့်မပြုတော့ ထိုမေးခွန်းအား မမေးမိ။

ထိုစဉ်..!

"သူဌေး"

ခြံစောင့်ဦးလေးကြီးရဲ့အသံကြောင့်yiboလှည့်ကြည့်
လိုက်သည်။ ထိုဦးလေးကြီးကလည်း ပြောရမှာ ခက်နေသည့်ပုံ ခေါင်းတကုတ်ကုတ်နဲ့ သူက ပြောဆိုတဲ့
သဘော မေးဆတ်ပြမှ ထိုဦးလေးကြီးက စကားဆက်တယ်။

"ကောင်မလေးတစ်ယောက်က တွေ့ချင်လို့တဲ့!

ကောင်မလေးဆိုတဲ့အသံကြောင့်အိမ်ပေါ်ကိုတက်မယ့်
ရှောင်းကျန့်ခြေလှမ်းတွေရပ်တန့်သွားတယ်။ နောက်
ဦးလေးကြီးမျက်နှာကိုကြည့်လို့ နောက်ထပ်ပြောလာမယ့်
စကားကို နားစိုက်လို့ထောင်လိုက်တယ်။

"ဘယ်သူလဲ.. !

"ဖေးယွမ်လို့ပြောတယ်.. "

"အော် ခေါ်ခဲ့လိုက်လေ.. "

ပြောရင်းနှုတ်ခမ်းလေးတွန့်ခနဲပြုံးသွားတဲ့သူ့ကြောင့်
ရှောင်းကျန့်က ဟန်မဆောင်နိုင်စွာ မျက်နှာပျက်ရတယ်။
စိတ်ထဲမှာလည်း ဦးနဲ့ထိုမိန်းကလေး ဘယ်လိုပတ်သတ်လဲ
ဆိုတဲ့ အစိုင်အခဲကြီးတစ်ခုက။ ကိန်းဝပ်လို့ရယ်။

"yibo ge ..!

အသံနဲ့အတူအိမ်ထဲဝင်လာတဲ့မိန်းမလှလေးကဖေးယွမ်ဆိုတာ
ဖြစ်လိမ့်မယ်။ သူမက လှတာတော့ ဝန်ခံပါတယ်။ ဒါကို
ရှောင်းကျန့်လဲလက်ခံတယ်။ နောက် ထိုမိန်းမက အလုပ်သမားတစ်ချို့ကိုပါ အော်ငေါက်နေသေးတယ်။ သူမကို
သဘောမကျခြင်းရှိတဲ့ ရှောင်းကျန့်မွေးထားတဲ့ခွေးတွေက
မျက်စိနောက်လို့ထင်။ သူမကိုဟောင်နေတာ မရပ်တော့ဘူး။

💕Oo💞 (Completed) Where stories live. Discover now